« « မာတိကာ Table of Contents


၆း ဘုရားသခင်၏ကွယ်ကာစောင်မခြင်း

ဆာလံ ၁၂၁၊ ၁၂၃

 

ငါ့ကိုမစခြင်း အကြောင်းသည် ပေါ်ထွက်ရသော တောင်ရိုးသို့ ငါမျှော်ကြည့်၏။
 
ကောင်းကင်နှင့် မြေကြီးကို ဖန်ဆင်းတော်မူသော ထာဝရဘုရား ထံတော်မှ ငါ့ကို မ စခြင်း အကြောင်းသည် ပေါ်ထွက်ရ၏။
 
သင်၏ခြေကို ချော်စေခြင်းငှာ အခွင့် ပေးတော်မမူ။ သင့်ကိုစောင့်သော သူသည် အိပ်တော်မမူ။
 
အကယ်စင်စစ် ဣသရေလ အမျိုးကို စောင့်သော သူသည် ငိုက်မျည်း အိပ်ပျော်ခြင်း ရှိတော်မမူ။
 
ထာဝရ ဘုရားသည် သင့်ကို စောင့်တော်မူ၏။ ထာဝရ ဘုရားသည် သင်၏ လက်ယာဘက်၌ ရှိသော သင်ခိုလှုံရာ အရိပ် ဖြစ်တော်မူ၏။
 
နေ့အချိန်၌ နေအားဖြင့်လည်းကောင်း၊ ညဉ့်အချိန်၌ လအားဖြင့်လည်းကောင်း အထိအခိုက် မရှိရာ။
 
ထာဝရဘုရားသည် မကောင်းသော အမှုအရာ အလုံးစုံတို့ကို ကွယ်ကာ၍ သင်၏ အသက်ကို စောင့်တော် မူလိမ့်မည်။
 
ထာဝရဘုရားသည် သင်၏ ထွက်ခြင်းနှင့် ဝင်ခြင်းတို့ကို ယခုမှစ၍ အစဉ်မပြတ် စောင့်တော် မူလိမ့်မည်။
 
ကောင်းကင်ဘုံ၌ ကိန်းဝပ်တော် မူသောဘုရား၊ ကိုယ်တော်ကို အကျွန်ုပ် မျှော်ကြည့်ပါ၏။
 
ကျွန်ုပ်တို့သည် သခင်လက်ကို လည်းကောင်း၊ ကျွန်မတို့သည် သခင်မ လက်ကိုလည်းကောင်း မျှော်ကြည့်သည့်နည်းတူ၊ အကျွန်ုပ်တို့သည် ကယ်မ သနားတော်မူခြင်း ကျေးဇူးကို မခံမီတိုင်အောင်၊ အကျွန်ုပ်တို့၏ ဘုရားသခင် ထာဝရ ဘုရားကို မျှော်ကြည့်လျက် နေကြပါ၏။
 
အို ထာဝရဘုရား ကယ်မ သနားတော် မူပါ။ အကျွန်ုပ်တို့သည် အလွန် အရှက်ကွဲခြင်းကို ခံရပါသည်ဖြစ်၍ ကယ်မ သနားတော် မူပါ။
 
မထီမဲ့မြင်ပြုသော သူတို့၏ ကဲ့ရဲ့ခြင်းကိုလည်းကောင်း၊ မာနကြီးသော သူတို့၏ အရှက် ခွဲခြင်းကို လည်းကောင်း၊ အကျွန်ုပ်တို့၏ ဝိညာဉ်သည် အလွန်ခံရပါ၏။

 

»» View in PDF adobe_pdf_file_icon_24x24


Back to Top ▲
အသင်းတော်အတွင်းကန့်သတ်ထုတ်ဝေသည်။

Copyright © Myanmar Christian Resources Ministry. All rights reserved.
All copyrights belong to their respective owners.