« Prev ကမ္ဘာဦးကျမ်း . . . ၅ ၆ အခန်းကြီး ၇ ၈ ၉ . . . ၁၂ Next »
ဒေသနာကျမ်း Ecclesiastes
အခန်းကြီး ၇
၇း၁-၄ ဤကျမ်းပိုဒ်သည် ရှောလမုန် (Solomon) ဖေါ်ပြပြီးခဲ့သော ‘စားသောက်ခြင်း၊ လုပ်ဆောင်ခြင်းအမှုတို့၌ ကျေနပ်မှုရှိရန် ဘုရားသခင်မှ ပေးထားသောအရာများ၌ ပျော်ရွှင်ကြည်နူးမှုရှိရန်’ ဟူသော အကြံပြုချက်နှင့် ဆန့်ကျင်နေ သကဲ့သို့ ရှိသည်။ ပျော်ရွှင်ကြည်နူးနိုင်သော အချိန်များတွင် ကျွန်ုပ်တို့သည် ကျွန်ုပ်တို့ရှိသော အရာများ၌ ပျော်ရွှင်ကြည်နူး ရမည်ဖြစ်သော်လည်း ဆုံးရှုံးပျက်စီးမှုသည် အချိန်မရွေး ကျရောက်လာနိုင်သည်။ ဆုံးရှုံးပျက်စီးမှုတို့က ကျွန်ုပ်တို့အား သတိပေးထားသည်မှာ အသက်တာသည် တိုတောင်းသည်ဖြစ်၍ ပညာရှိစွာနေထိုင်ပြီး ပြုမူပြောဆို စဉ်းစားချက်များကို ပို၍သန့်ရှင်းစင်ကြယ်စွာ လုပ်ဆောင်ရန်ဖြစ်သည်။ ခရစ်ယာန်ဘာသာနှင့် ယုဒဘာသာ (Judaism) တို့သည် တန်ဖိုးကို အနစ်နာခံမှု ကြေကွဲမှုတို့၌ ရှုမြင်သည်။ အရှေ့တိုင်းဘာသာတို့သည် ထိုခံစားမှုများ အပေါ်၌ နေထိုင်နိုင်ရန် ရှာဖွေကြံဆောင်ကြသည်။ ခရစ်ယာန်ဘာသာနှင့် ယုဒဘာသာတို့သည် ထိုခံစားမှုများကို ယုံကြည်သူများအား သန့်စင်စေသော မီးများအဖြစ် ရှုမြင်ကြသည်။
လူများစုမှ သဘောတူမှု ရှိသည်မှာ ပျော်ရွှင်သော အချိန်များထက် ခက်ခဲသော အချိန်များတွင် ဘုရားသခင်နှင့် ပတ်သက်၍ ပိုမိုလေ့လာ သိရှိလေ့ ရှိကြသည်။ သင်သည် ကြေကွဲမှု၊ နာကျင်စွာခံစားမှုများကို ရှောင်ရှားရန် ကြိုးပမ်း နေပါသလား။ ယင်းတို့အား အခွင့်ကောင်းယူလျက် ဘုရားသခင်အား ပိုမိုသိရှိရန် ကြိုးပမ်းပါသလား။
« Prev ကမ္ဘာဦးကျမ်း . . . ၅ ၆ အခန်းကြီး ၇ ၈ ၉ . . . ၁၂ Next »