« Prev ကမ္ဘာဦးကျမ်း . . . ၆ ၇ အခန်းကြီး ၈ ၉ ၁၀ . . . ၁၂ Next »
ဒေသနာကျမ်း Ecclesiastes
အခန်းကြီး ၈
၈း၁ ဥာဏ်ပညာ ဟူသည်မှာ အသက်တာကို ဘုရားသခင်၏ အမြင်အားဖြင့် ရှုမြင်နိုင်သော အရည်အသွေးဖြစ်ပြီး အကောင်းဆုံး မည်သို့လုပ်ဆောင် ရမည်ကို သိရှိခြင်းလည်းဖြစ်သည်။ လူများတို့သည် ဥာဏ်ပညာကို အလွန်တန်ဖိုးရှိသော အရာအဖြစ် သဘောတူကြသည်။ အဘယ်သို့ ကျွန်ုပ်တို့သည် ဥာဏ်ပညာကို ရရှိနိုင်ပါမည်နည်း။ သုတံ္တကျမ်း (Proverbs) ၉း၁၀ တွင် သင်ပြထားသည်မှာ ထာဝရဘုရားကို ကြောက်ရွံ့ခြင်း (ရိုသေခြင်း၊ ဂုဏ်ပြုခြင်း)သည် ဥာဏ်ပညာ အစပြုခြင်းဖြစ်သည်။ ဥာဏ်ပညာသည် ဘုရားအားသိခြင်း၊ ယုံကြည်ကိုးစားခြင်းမှ ဖြစ်ပေါ်လာရသည်။ ယင်းသည် ဘုရားအားရှာဖွေရန် နည်းလမ်းသက်သက်သာ မဟုတ်ပေ။ ဘုရားအားသိခြင်းသည် ကျွန်ုပ်တို့အား နားလည်မှုကို ထိုသို့ ဦးတည်စေပြီး ယင်းနားလည်မှုကို အခြားသူများအား ဝေမျှရမည်။
၈း၁၀ ဤကျမ်းပိုဒ်တွင် လူအချို့တို့၏ မတရားသော လုပ်ဆောင်မှုများကို ထိုသူတို့ သေဆုံးသွား ပြီးသည့်နောက်တွင် ကျွန်ုပ်တို့သည် လျင်မြန်စွာ မေ့ပျောက်ပစ်လေ့ ရှိကြောင်းကို ရည်ညွှန်းထားသည်။ ကျွန်ုပ်တို့သည် သုသာန် (Cemetery) မှ ပြန်လာသောအခါ၌ ထိုလူအချို့တို့ မတရားမှု ပြုသောမြို့၌ပင် ထိုသူတို့အား ချီးမွမ်းကြသည်။
၈း၁၁ ဘုရားသခင်သည် ကျွန်ုပ်တို့အား အလျင်အမြန် စစ်ကြောဒဏ်ပေးခြင်း မပြုသောအခါများ၌ ကျွန်ုပ်တို့သည် ထိုအပြစ်အတွက် ဘုရားသခင်မှ သတိမမူ(သို့) ထိုအပြစ်၌ အကျိုးအပြစ်မရှိဟု မယူဆသင့်ပေ။ ကျွန်ုပ်တို့သည် အပြစ်၏ နောက်ဆက်တွဲ ဆိုးကျိုးများကို ချက်ချင်း မကြုံတွေ့ရသော အခါ၌ အလွယ်တကူပင် အပြစ်ပြုမိကြသည်။ ကလေးငယ် တစ်ဦးသည် အမှားတစ်ခုကို ပြုလုပ်သောအခါတွင် ထိုအမှားကို မိဘများ မတွေ့ရှိကြသော အခါ၌ နောက်တစ်ကြိမ် ထပ်မံကျူးလွန်ရန်မှာ ပို၍လွယ်ကူလာပေသည်။ သို့သော် ဘုရားသခင်သည် ကျွန်ုပ်တို့ မှားယွင်းမှု အားလုံးတို့အား သိရှိပြီး တစ်နေ့၌ ကျွန်ုပ်တို့သည် ကျွန်ုပ်တို့ ပြုလုပ်ခဲ့သော အရာများအတွက် အဖြေပေးရ လိမ့်မည် ဖြစ်သည် (၁၂း၁၄)။
၈း၁၅ ရှောလမုန်သည် ဘဝ၌ အဖြေမရခဲ့သော မေးခွန်းများအား ဖြေသိမ့်ရန် ဆင်ခြင်ခဲ့သည်။ ကျွန်ုပ်တို့ ဘဝခရီး၌ သာ၍မြင့်ရာအရပ်သို့ လျှောက်လှမ်းစဉ်တွင် ပျော်ရွှင်ကြည်နူးမှု၊ ကျေနပ်နှစ်သိမ့်မှုများကို ကျွန်ုပ်တို့အား အားပေးမှုများအဖြစ် ထောက်ပြထားသည်။ ကျွန်ုပ်တို့သည် ထိုတစ်နေ့တာ၌ လုပ်ဆောင်မှု၊ စားသောက်မှု၊ သာယာမှုများဖြစ်ပေါ်သည့် အတိုင်းအတာအလျောက် ထိုတစ်နေ့ကို လက်ခံရပေမည်။ ဘုရားသခင် လုပ်ဆောင်စေလိုသော အမှုအရာများကို ဆက်လက်လုပ်ဆောင်ရန်အတွက် ခွန်အားသစ် ဖြစ်စေသည်။ ဘုရားသခင် ပေးထားတော်မူသော အရာများ၌ သာယာကြည်နူးမှုရှိရန် လေ့ကျင့်ပါ။
၈း၁၆-၁၇ ကမ္ဘာလောက၏ ဥာဏ်ပညာအားလုံးကို ရယူသိရှိနိုင်ခဲ့သည့် ဥာဏ်ပညာ အထက်မြတ်ဆုံးသောသူ ဖြစ်သော ရှောလမုန်သည် အနည်းငယ်ကိုသာ သိရှိခဲ့ပေသည်။ မည်သူမျှ ဘုရားသခင်ကိုသော်လည်းကောင်း၊ ဘုရားသခင်မှ ပြုလုပ်ခဲ့ပြီးသော အရာများကိုလည်းကောင်း အလုံးစုံနားလည်ရန်မှာ မဖြစ်နိုင်ပါ။ မေးခွန်းများသည် အဖြေများထက် ပို၍အစဉ်များပြား နေပါဦးမည်။ သို့သော် မသိရှိမှု၊ နားမလည်မှုများသည် ကျွန်ုပ်တို့၏ သာယာကြည်နူးမှု၊ ယုံကြည်မှု၊ လုပ်ဆောင်မှုများအပေါ်၌ အရိပ်မလွှမ်းမိုးစေသင့်ပါ။ အဘယ်ကြောင့်ဆိုသော် ကျွန်ုပ်တို့သိသော ကြီးမြတ်သည့်အရှင်သည် အရာအားလုံးကို ထိန်းချုပ်ထားတော်မူပြီး ထိုအရှင်အား ယုံကြည် စိတ်ချနိုင်သောကြောင့် ဖြစ်သည်။ သင်မသိသော အနာဂတ်ကြောင့် သင့်ကို ယနေ့အတွက် ဘုရားသခင် ပေးလိုသော ပျော်ရွှင်ကြည်နူးမှုအား မဖျက်စီးစေသင့်ပါ။
« Prev ကမ္ဘာဦးကျမ်း . . . ၆ ၇ အခန်းကြီး ၈ ၉ ၁၀ . . . ၁၂ Next »