ခရစ်ယာန်အသက်ရှင်မှုကို
လေ့လာခြင်း
Christian Living
သင်ခန်းစာပေါင်းချုပ် ၂
နိဒါန်း Introduction
ခရစ်တော်နှင့်ဆက်လက်လျှောက်လှမ်းခြင်း
ဘုရားသခင် နှုတ်ထွက်စကားတော်နှင့် နာခံမှုရှိသော ခရစ်ယာန်များအပေါ်သွန်းလောင်းသည့် တန်ခိုးတော်တို့၏ အရေးကြီးပုံကို အလေးအနက်ထား၍ ဖော်ပြရန်ပင် လိုမည်မဟုတ်ချေ။
ခရစ်ယာန်အသက်တာ၌ ကြီးထွားလာသည်နှင့်အမျှ ဘုရားသခင်၏ နှုတ်ကပတ်တော်အား ပုံမှန်လေ့လာခြင်းနှင့် ခရစ်ယာန်အသက်တာ၏ အခြေခံ အချက်များကို သင်ယူခြင်းသည် အလွန်ပင် အရေးကြီးပါသည်။ ခရစ်ယာန် အသက်ရှင်ခြင်းနှင့် ပတ်သက်သည့် ဤသင်ခန်းစာများသည် ကြွယ်ဝသော ခရစ်ယာန်အသက်တာ၌ ပါဝင်သောအခြေခံ နည်းဥပဒေသများကို တင်ပြထားပါသည်။ ဤသင်ခန်းစာများကို စိတ်ချမှု သင်ခန်းစာများကဲ့သို့ စီစဉ်ထားပါသည်။ သင်ခန်းစာ တစ်ခုချင်းတွင် ကျက်မှတ်ရန် ကျမ်းချက်၊ ဆင်ခြင်အောက်မေ့ရန် မေးခွန်းများ၊ ကျက်မှတ်ထားသည့် ကျမ်းချက်အား အလွတ်ရေးချ ရန်နှင့် လက်တွေ့ကျင့်သုံးခြင်း ဆိုင်ရာမေးခွန်းများအတွက် ကွယ်လပ်များ ပါဝင်ပါသည်။ “ခရစ်တော်နှင့် ဆက်လက်လျှောက်လှမ်းခြင်း” ဤစာအုပ်၌ ခရစ်ယာန်အသက်ရှင်ခြင်းအတွက် သင်ခန်းစာ (၈) ခုနှင့် ကျမ်းချက်များ ပါဝင်ပါသည်။
တစ်ထိုင်တည်းနှင့် သင်ခန်းစာ တစ်ခုလုံးကို လေ့လာမည့်အစား နေ့စဉ်မေးခွန်း အနည်းငယ်ကိုသာ လေ့လာဖြေဆိုရန် အကြုံပြုလိုပါသည်။ ဤနည်းသည် ဘုရားသခင်၏ နှုတ်ကပတ်တော်အား ခံယူခြင်း၌ ပုံမှန်နှင့် တည်ငြိမ် မျှတမှု ရှိစေမည်ဖြစ်သည်။
ဓမ္မဟောင်းကျမ်းမှ ကျမ်းညွှန်းများကိုလည်း ပေးထားပါသည်။ ဓမ္မသစ်ကျမ်း တစ်အုပ်တည်းသာရှိသော သူတို့အတွက် အထောက်အကူ ဖြစ်စေရန် ထိုကျမ်းချက်များကို ဤစာအုပ်၏ နောက်ဖက်တွင် ရေးသားဖော်ပြ ပေးထားပါသည်။