« « မာတိကာ Table of Contents

ခရစ်ယာန်အသက်ရှင်မှုကို
လေ့လာခြင်း
Christian Living

သင်ခန်းစာပေါင်းချုပ် ၂

သင်ခန်းစာ (၂)

ဘုရားသခင်း၏ နှုတ်ထွက်စကားတော်အားဖြင့် အသက်ရှင်ခြင်း

ညီအစ်ကိုတို့ ယခုငါသည် သင်တို့ကို ဘုရားသခင်၌ အပ်နှံ၏။ သင်တို့ကို တည်ဆောက်ခြင်းငှာ၎င်း၊ သန့်ရှင်းသော သူအပေါင်းတို့နှင့်အတူ သင်တို့အား အမွေပေးခြင်းငှာ၎င်း၊ တတ်နိုင်သော ဘုရားသခင်၏ ကျေးဇူးတော် တရား၌လည်း သင်တို့ကို ငါအပ်နှံ၏။

တမန် ၂၀း၃၂

တမန်တော် ရှင်ပေါလု (Apostle Paul) သည် ဧဖက်မြို့ (Ephesus) မှ မထွက်ခွာမီ ယုံကြည်သူများအား ဘုရားသခင်နှင့် နှုတ်ထွက်စကားတော်၏ အုပ်ထိန်းမှုအောက်၌ ဆက်ကပ်အပ်နှံခဲ့သည်။ ဘုရားသခင်ထံမှ ထာဝရအမွေအတွက် သူတို့ကို ပြင်ဆင်ရန်နှင့် ဝိညာဉ်ရေးရာ ရင့်ကျက်မှုအတွက် ပြုစုပျိုးထောင်ပေးရန် သမ္မာကျမ်းစာ၏ စွမ်းဆောင်နိုင်မှုကို အမှတ်ရစေရန် သတိပေးခဲ့သည်။ ကိုယ်ကာယ ကြီးထွားဖို့ရန် အစာအဟာရ လိုအပ်သကဲ့သို့ ဝိညာဉ်ရေးရာ ဖွံ့ဖြိုးစေရန် ဘုရားသခင်၏ နှုတ်ထွက်စကားတော်ကို လိုအပ်ပေသည်။ “လူသည်မုန့်အားဖြင့်သာ အသက်ကို မွေးရမည်မဟုတ်၊ ဘုရားသခင် မိန့်တော်မူသမျှ အားဖြင့် အသက်ကိုမွေးရမည်…” (မဿဲ ၄း၎)

တစ်နေ့လျှင် (၃) ကြိမ် အစားအစာ သုံးဆောင်မှုအပေါ် အခြေခံလျက် တစ်နေ့တာလုပ်ဆောင်မှု အစီအစဉ်များကို ရေးဆွဲလေ့ရှိကြသည်။ ဘုရားသခင်၏ နှုတ်ထွက်စကားတော်ကို ခံယူရာ၌လည်း ထို့ထက် လျော့နည်းသည့် အာရုံစူးစိုက် အရေးပေးမှုမျိုးရှိသင့်ပါသလော။ ပေတရု (Peter) က ခရစ်ယာန်များသည် “ကယ်တင်ခြင်းအလို့ငှာ နှုတ်ထွက်စကားတော်တရား၏ နို့စစ်အားဖြင့် ကြီးပွားမည့်အကြောင်း ဘွားစသော သူငယ်ကဲ့သို့ ထိုတရားနို့ကို အလွန်လိုချင်သော စိတ်ရှိကြလော့” (၁ ပေ ၂း၂) ဟူ၍ ပြောဆိုခဲ့သည်။

တမန် ၂၀း၃၂ ကို ကျက်မှတ်စဉ်တွင် ဘုရားသခင်၏ နှုတ်ထွက်စကားတော်အားဖြင့် သင့်အား တည်ဆောက်နိုင်မည့် နည်းလမ်းများကို ဆင်ခြင်အောက်မေ့ပါ။ နှုတ်ထွက်စကားတော်အားဖြင့် သင့်အသက်တာ၌ ဘုရားသခင် တည်ဆောက်နေသော သက်သေအထောက်အထားကို ရှာဖွေပါ။


Back to Top ▲

အသင်းတော်အတွင်းကန့်သတ်ထုတ်ဝေသည်။

Copyright © Myanmar Christian Resources Ministry. All rights reserved.
All copyrights belong to their respective owners.