« « မာတိကာ Table of Contents

ခရစ်ယာန်အသက်ရှင်မှုကို
လေ့လာခြင်း
Christian Living

သင်ခန်းစာပေါင်းချုပ် ၂

သင်ခန်းစာ (၅)

ချစ်ခြင်းမေတ္တာရှိသော အသက်တာ၌ အသက်ရှင်ခြင်း

ချစ်သူတို့ ဘုရားသခင်သည် ငါတို့ကို ဤမျှလောက်ချစ်တော်မူသည် မှန်လျှင် ငါတို့သည်လည်း အချင်းချင်း ချစ်ရကြမည်။

၁ ယော ၄း၁၁

ဘုရားသခင်၏ ချစ်ခြင်းမေတ္တာကို ခံစားရလာသောအခါ အခြားသူများကို ချစ်နိုင်သော အရည်အချင်းသည်လည်း တိုးတက်ကြီးထွားလာသည်။ “ငါတို့သည် ဘုရားသခင်ကို ချစ်ကြသည်ဟု မဆို၊ ဘုရားသခင်သည် ငါတို့ကို ချစ်၍ ငါတို့၏ အပြစ်ဖြေစရာ အကြောင်းဖြစ်စေခြင်းငှါ သားတော်ကိုစေလွှတ်တော် မူသောအရာ၌ ချစ်ခြင်းမေတ္တာရှိ၏။” (၁ယော ၄း၁၀)

ဘုရားသခင်သည် ချစ်ခြင်းမေတ္တာ၏ အရင်းအမြစ်ဖြစ်သည်။ သူသည် ချစ်ခြင်းမေတ္တာအတွက် ပြည့်စုံသည့် စံနမူနာလည်းဖြစ်သည်။ ကိုယ်တော်၏ မေတ္တာသည် စွန့်လွှတ်အနစ်နာခံသည့် မေတ္တာဖြစ်သည်။ ဤအချက်ကို မိမိ၏တပါးတည်းသော သားတော်ကို စွန့်လွှတ်ခြင်း၌ ထင်ရှားစွာ ဖော်ပြခဲ့ပြီးဖြစ်သည်။ “ဘုရားသခင်သည် မိမိ၌တပါးတည်းသော သားတော်ကိုစွန့်တော်မူသည့် တိုင်အောင် လောကီသားတို့ကို ချစ်တော်မူ၏။” (ယော ၃း၁၆) ခရစ်တော်၏ အသေခံတော်မူ ခြင်းသည် ဘုရားသခင်၏ စွန့်လွှတ်ခြင်းမေတ္တာကို ထာဝရ အမှတ်တရဖြစ်စေသည်။ သင့်အပေါ်တွင် ထားရှိသော ဘုရားသခင်၏ မေတ္တတော်သည် အခြေအနေပေါ် မူမတည်သောကြောင့် လျော့နည်းပျောက်ကွယ်သွားမည်ကို ဘယ်သောအခါမျှ စိုးရိမ်စရာမလိုပေ။ ဘုရားသခင် ကျွန်ုပ်တို့အပေါ်၌ ထားရှိသော ချစ်ခြင်းမေတ္တာတော်သည် ကျွန်ုပ်တို့၏ ထိုက်တန်မှု ရှိမရှိအပေါ်တွင် မူမတည်ပေ။ ဘုရားသခင်၏ မေတ္တာတော်နှင့် ထိုက်တန်သောသူဟူ၍ တစ်စုံတစ်ဦးမျှ မရှိပေ။ သို့ရာတွင် ဘုရားသခင်သည် လူတိုင်းကို ချစ်တော်မူသည်။ ဤကဲ့သို့သော ချစ်ခြင်း မေတ္တာတော်ကို လက်ခံရရှိထားသော ကျွန်ုပ်တို့အတွက် မည်မျှ ဝမ်းမြောက်ဘွယ်ရာ ကောင်းပါသနည်း။

သခင်ယေရှုသည် ခရစ်ယာန်တိုင်းအား ခိုင်မြဲသော၊ စွန့်လွှတ်အနစ်နာခံသော၊ အခြေအနေပေါ် မူမတည်သော၊ မေတ္တာမျိုးဖြင့် တစ်ဦးနှင့်တစ်ဦး ချစ်ကြရန် တိုက်တွန်းထားသည်။ “သင်တို့သည် အချင်းချင်း တစ်ယောက်ကိုတစ်ယောက် ချစ်ကြလော့။ ငါသည် သင်တို့ကို ချစ်သည် နည်းတူ အချင်းချင်းချစ်ကြလော့ဟု ပညာဉ်သစ်ကို ငါပေး၏” (ယော ၁၃း၃၄)


Back to Top ▲

အသင်းတော်အတွင်းကန့်သတ်ထုတ်ဝေသည်။

Copyright © Myanmar Christian Resources Ministry. All rights reserved.
All copyrights belong to their respective owners.