« « မာတိကာ Table of Contents

ခရစ်ယာန်အသက်ရှင်မှုကို
လေ့လာခြင်း
Christian Living

သင်ခန်းစာပေါင်းချုပ် ၂

သင်ခန်းစာ (၆)

ခရစ်ယာန်မိဿဟာယ၌ အသက်ရှင်ခြင်း

ဘုရားသခင်သည် အလင်း၌ရှိတော်မူ သကဲ့သို့ ငါတို့သည် အလင်း၌ ကျင်လည်လျှင်၊ အချင်းချင်း မိဿဟာယ ဖွဲ့ခြင်း ရှိကြသည်ဖြစ်၍၊ ဘုရားသခင်၏ သားတော်ယေရှုခရစ်၏ အသွေးတော်သည် ငါတို့အပြစ်ရှိသမျှကို ဆေးကြောတော်မူ၏

၁ ယော ၁း၇

သင်သည် ခရစ်တော်အား ယုံကြည်ကိုးစားလိုက်ချိန်တွင် ဘုရားသခင်၏ မိသားစုဝင် တစ်ဦးအနေဖြင့် ထူးခြားသော မိဿဟာယ တစ်ခုအတွင်းသို့ ရောက်ရှိခဲ့ပေသည်။ ဤမိသားစု၏ စိတ်သဘော တညီတညွတ်တည်းရှိမှုသည် မိသားစုဝင်တိုင်း၏ တာဝန်ဖြစ်သည်။ ယောဟန် (John) က ထိုအရာအတွက် လှို့ဝှက်ချက်မှာ “အလင်း၌ လျှောက်လှမ်းခြင်းပင် ဖြစ်ကြောင်း ပြောကြားခဲ့ပါသည်။”

အလင်း၌ လျှောက်လှမ်းခြင်း ဆိုသည်မှာ အဘယ်နည်း။ “တဖန်တုံ (Again) ယေရှုက၊ ငါသည် ဤလောက၏ အလင်းဖြစ်၏။ ငါ့နောက်သို့လိုက်သောသူသည် မှောင်မိုက်၌ မသွားမလာ၊ အသက်၏ အလင်းကို ရလိမ့်မည်ဟု မိန့်တော်မူ၏။” (ယော ၈း၁၂) အလင်း၌ လျှောက်လှမ်းခြင်း ဆိုသည်မှာ ခရစ်တော်နှင့် အစဉ်မိဿဟာယ ဖွဲ့ခြင်းသည် အခြားသော ခရစ်ယာန်များနှင့် မိဿဟာယ ဖွဲ့မှုအတွက် သော့ချက်ပင် ဖြစ်သည်။

ရှင်ယောဟန် (John) က “ကိုယ်အပြစ်မရှိဟု ငါတို့သည်ဆိုလျှင် ကိုယ့်ကိုကိုယ် လှည့်ဖြားကြ၏။ ငါတို့၌ သစ္စာတရားမရှိ။ ကိုယ့်အပြစ်တို့ကို ဖော်ပြတောင်းပန်လျှင် ငါတို့အပြစ်များကို လွှတ်၍ မကောင်းမှုရှိသမျှနှင့် ကင်းစင်စေခြင်းငှာ ဘုရားသခင်သည် သစ္စာတရားနှင့်၎င်း၊ ဖြောင့်မတ်ခြင်း တရားနှင့်လည်းကောင်း ပြည့်စုံတော်မူ၏။” (၁ ယော ၁း၈-၉) ဟု ဆက်လက် ပြောကြားခဲ့ပါသည်။


Back to Top ▲

အသင်းတော်အတွင်းကန့်သတ်ထုတ်ဝေသည်။

Copyright © Myanmar Christian Resources Ministry. All rights reserved.
All copyrights belong to their respective owners.