« Prev ကမ္ဘာဦးကျမ်း . . . ၇ ၈ အခန်းကြီး ၉ ၁၀ ၁၁ . . . ၁၂ Next »
ဒေသနာကျမ်း Ecclesiastes
အခန်းကြီး ၉
၉း၂ ‘ခပ်သိမ်းသော အရာတို့သည် ခပ်သိမ်းသော အမှုအရာတို့နှင့် ဆက်ဆံကြ၏’ ဆိုလိုချက်မှာ လူသားအားလုံး တို့သည် သေဆုံးရမည် ဟူ၍ဖြစ်သည်။
၉း၅၊ ၁၀ ရှောလမုန်မှ သေသောသူ အဘယ်အရာ ကိုမျှမသိ။ သေခြင်း၌ အလုပ်၊ အစီအစဉ်၊ အသိဥာဏ်၊ ဥာဏ်ပညာမရှိဟု ပြောဆိုချက်မှာ အသက်ရှင်ခြင်းကို နောင် တမလွန် ဘဝနှင့် နှိုင်းယှဉ်ဖေါ်ပြနေခြင်း မဟုတ်ဘဲ၊ အသက်ရှင်ခြင်းနှင့် သေခြင်းကို နှိုင်းယှဉ်နေခြင်းသာ ဖြစ်သည်။ သင်သည် သေဆုံးသွားပြီးသည့် နောက်တွင် သင်ပြုခဲ့ပြီးသော အရာများကို ပြောင်းလဲစေနိုင်မည် မဟုတ်ပါ။ နောင်ဘဝ အသစ်တစ်ခု၌ တဖန်အသက်ရှင်ခြင်းသည် ဓမ္မဟောင်းကာလ ယုံကြည်သူများ အတွက် မရှင်းလင်းသော ခံယူချက်တစ်ခုဖြစ်သည်။ ယင်းအချက်သည် ခရစ်တော်သေခြင်းမှ ရှင်ပြန်ထမြောက်ပြီးသည့် နောက်ပိုင်းမှသာ ရှင်းလင်းစွာ နားလည်လာကြရပေသည်။
၉း၇-၁၀ အနာဂတ် ကာလ၏ မရေရာ မသေချာမှုနှင့် သေခြင်းတရား၏ သေချာမှုတို့ကို ဆင်ခြင်ရာ၌ ရှောလမုန်သည် အသက်တာကို ဘုရားသခင်မှ ပေးအပ်သော ဆုကျေးဇူးအဖြစ် ကျေနပ်ဝမ်းမြောက်စွာ ခံယူကြရန် တိုက်တွန်းထားသည်။ ယနေ့ စီးပွားရေးလောကတွင် ပြိုင်ဆိုင်လုပ်ကိုင်ရာမှ ရုန်းမထွက်နိုင်သော သူများကဲ့သို့ ပစ္စည်းကြွယ်ဝချမ်းသာမှု စုဆောင်းရန်အတွက် သာယာမှုများ အားလုံးကို ဖယ်ရှားလျှက် လုပ်ဆောင် ကြိုးပမ်းနေသော သူများကိုလည်း အပြစ်တင် ဝေဖန်ထားသည်။ သင်၏ ကြွယ်ဝချမ်းသာ မှုသည် မည်မျှ တန်ဖိုးရှိပါသနည်း။ အနာဂတ် ကာလသည် မရေရာ မသေချာ သောကြောင့် ကျွန်ုပ်တို့သည် ခံစားနိုင်သောအချိန်၌ ဘုရားသခင်မှ ပေးထားသော ဆုကျေးဇူးများကို ခံစားကြပါစို့။
၉း၈ ဖြူစင်သော အဝတ်ကို ဝတ်ဆင်ခြင်း၊ ခေါင်း၌ နံ့သာဆီ မခမ်းခြောက်စေခြင်းသည် ပျော်ရွှင်ခြင်း၊ ပွဲခံခြင်းကို ဆိုလိုပါသည်။
၉း၉ ရှောလမုန်သည် အိမ်ထောင်ရေးနှင့် ပတ်သက်၍ သုတ္တံကျမ်း၌ ရေးသားခဲ့သည်။ ‘မယားကိုရသော သူသည် ကောင်းသော အရာကို ရ၍ ထာဝရဘုရား၏ ကျေးဇူးတော်ကို ခံရ၏’ (သုတ္တံ ၁၈း၂၂)။ ကျွန်ုပ်တို့သည် အိမ်ထောင် ရှိလျက်နှင့် ဘုရားသခင် ပေးထားသော ခင်ပွန်း၌ အရေးတယူ မပြုခြင်း၊ သာယာပျော်ရွှင်မှု မရှိခြင်း၊ ရင်းနှီးစွာ ပေါင်းဖော်မှု မရှိခြင်းတို့သည် လွန်စွာမှ စိတ်မချမ်းသာစရာ ကောင်းသော အရာများဖြစ်သည်။
၉း၁၀-၁၁ အလျင်မြန်ဆုံး၊ ခွန်အား အကြီးဆုံး ဖြစ်သော်လည်း မအောင်မြင်ခြင်း၊ ပညာတို့ ဆင်းရဲ ငတ်မွတ်နေရခြင်း၊ ဥာဏ်ထက်မြတ် သူတို့သည် အကျိုးစီးပွား(သို့) ဂုဏ်ပြုခြင်းကို မခံရသော ဖြစ်ရပ်များအား ပြန်လည်စဉ်းစားရန် ခက်ခဲမည် မဟုတ်ပါ။ လူအချို့ တို့သည် အထက်ပါ ဖြစ်ရပ်များကို တွေ့မြင်သော အခါ၌ အသက်တာအား ‘တရားမျှတမှု မရှိဟု ရှုမြင်ပြီး သူတို့သာလျှင် မှန်ကန်သည်’ ဟု ထင်မြင်ကြသည်။ ကမ္ဘာကြီးသည် ကျဉ်းမြောင်းပြီး အပြစ်တရားသည် အသက်တာကို လှည့်ပြောင်းစေသောကြောင့် ဘုရားသခင် မဖြစ်စေလိုသော အရာများသည် ဤကမ္ဘာကြီး၌ ဖြစ်ပျက်နေရသည်။ ရှောလမုန်သည် ကျွန်ုပ်တို့၏ အနာဂတ်အတွက် ထင်မြင်ချက်များအား လျော့နည်းစေရန် ကြိုးပမ်းထားသည်။ သုတံ္တကျမ်း၌ လူတိုင်းသည် တရားမျှတစွာ ပြုမူကြလျှင် အသက်တာသည် မည်သို့ဖြစ်လာမည်ကို ရေးသားဖေါ်ပြထားသည်။ ဒေသနာကျမ်းတွင် ကျွန်ုပ်တို့၏ အပြစ်နှင့် ပြည့်ဝနေသော မပြည့်စုံသည့် ကမ္ဘာ၌ အစဉ်အမြဲ ဖြစ်ပျက်လေ့ရှိသော အရာများအား ရှင်းလင်းဖော်ပြ ထားသည်။ ကျွန်ုပ်တို့သည် ကျွန်ုပ်တို့၏ အမြင်ကို ခိုင်မာစေရမည်ဖြစ်သည်။ အသက်တာ၏ မပြည့်စုံခြင်းများသည် ခွန်အား၊ လုံ့လပြု ဆက်ကပ် ထားသောလုပ်ဆောင်မှု များမှ ကင်းဝေးအောင် မပြုမူ ပါစေနှင့်။ ကျွန်ုပ်တို့သည် ဘုရားသခင် ထံမှ အစေခံနေခြင်းဖြစ်သည်။ လူတို့အား အစေခံနေခြင်း မဟုတ်ပါ (ကောလောသဲ ၃း၂၃)။
၉း၁၃-၁၈ ဤလောကသည် ကြွယ်ဝမှု၊ ဆွဲဆောင်နိုင်မှု၊ အောင်မြင်မှုများကို ဥာဏ်ပညာထက် ပို၍ အလေးပေး ဂုဏ်ယူတတ်ကြသည်။ ဥာဏ်ပညာသည် ခွန်အားထက်ပို၍ တန်ဖိုးရှိစေကာမူ လူသားတို့သည် ယင်းကို သတိမမူမိ ကြပါ။ ဥာဏ်ပညာသည် ပို၍ အသုံးဝင်စေကာမူ ယင်းကို အစဉ်မကြားနိုင်ပေ။ ဥာဏ်ပညာရှိသော ပုဂ္ဂိုလ်များသည်လည်း သတိပြုခြင်းကို အစဉ်မခံခဲ့ ကြရပေ။ ဤဥပမာ အားဖြင့် ကျွန်ုပ်တို့သည် ဥာဏ်ပညာကို မည်သူ့ထံမှ လာသည်ဖြစ်စေ ခံယူတတ်အောင် လေ့ကျင့်ပါ။
« Prev ကမ္ဘာဦးကျမ်း . . . ၇ ၈ အခန်းကြီး ၉ ၁၀ ၁၁ . . . ၁၂ Next »