« « မာတိကာ Table of Contents

ခရစ်ယာန်အသက်ရှင်မှုကို
လေ့လာခြင်း
Christian Living

သင်ခန်းစာပေါင်းချုပ်

နိဒါန်း Introduction

လူသည်မုန့်အားဖြင့်သာ အသက်မရှင်

ဤစာအုပ်များမှ ပြည့်ပြည့်ဝဝ အကျိုးကျေးဇူး ရရှိရန် စာအုပ်စဉ် (၁) ကို အဆုံးတိုင် လေ့လာပြီးမှ စာအုပ် အမှတ် (၂)၊ (၃) စသဖြင့် တဆင့်ပြီးတဆင့် စာအုပ်အမှတ် (၉)သို့ ဆက်လက်လေ့လာသင့်သည်။ သင်လေ့လာရင်း အဆင့်ဆင့် တိုးတက်မှုနှင့် အကျိုးကျေးဇူးများ ခံစားလာသည့်အခါ မည်သည့်စာအုပ်ကိုမျှ သင်လက်လွှတ် ပျက်ကွက်လိုမည် မဟုတ်ပေ။

စတင်လေ့လာရန် သမ္မာကျမ်း (သို့မဟုတ်) ဓမ္မာသစ်ကျမ်း တစ်အုပ်သာလိုအပ်မည်။ မေးခွန်းတစ်ခုစီတိုင်းအတွက် ကျမ်းညွှန်းတပိုဒ်စီ ပါရှိ၍ ၎င်းအညွှန်းကျမ်းချက်ကို ဖတ်ရှုဆင်ခြင်ပြီးမှ အဖြေကို မိမိစကားဖြင့် ပြန်ရေးဖြေပါ (ကျမ်းချက်ကို ကူးမရေးပါနှင့်)။ ကျမ်းညွှန်းများကို ဤသို့ဖော်ပြထားပါသည်။ (ဗျာ ၃း၂၀)

အကောင်းဆုံးမှာ တနေ့နည်းနည်း လေ့လာသင့်သည်။ တတ်နိုင်လျှင် မေးခွန်း (၃-၄) ခု ဖြေပါက တပတ်ဆိုလျှင် တခန်းလုံးပြီးပါလိမ့်မည်။

အရေးကြီးဆုံးမှာ အမြဲဆုတောင်းပါ။ နားလည်ခံယူ လိုက်လျှောက်နိုင်ရန် ဘုရားရှင်ထံ ဆုတောင်းဖို့လိုသည်။ ဤစာအုပ်၌ (၃) ခန်း ခွဲ၍လေ့လာပါမည်။

  • အရှင်ယေရှုခရစ်တော်သည် ဘယ်သူလဲ
  • အရှင်ယေရှု၏ လုပ်ဆောင်ချက်
  • ခရစ်တော်၌ရှိသော ထာဝရအသက်

Back to Top ▲

အသင်းတော်အတွင်းကန့်သတ်ထုတ်ဝေသည်။

Copyright © Myanmar Christian Resources Ministry. All rights reserved.
All copyrights belong to their respective owners.