ခရစ်ယာန်အသက်ရှင်မှုကို
လေ့လာခြင်း
Christian Living
သင်ခန်းစာပေါင်းချုပ် ၎
နိဒါန်း Introduction
ခရစ်တော်နှင့်မိဿဟာယဖွဲ့ခြင်း
သင်ကိုယ်တိုင် ကျမ်းစာကို လေ့လာရာတွင် လိုအပ်ချက်များ
အချိန်
နံနက် သို့မဟုတ်ည၊ သို့မဟုတ် တစ်ပတ်တွင် ဘယ်နှစ်ကြိမ်စသည်ဖြင့် အဆင်ပြေမည့်အချိန်ကို သတ်မှတ်ပြီး မပျက်မကွက် သစ္စာရှိရှိ လုပ်ဆောင်ပါ။
နေရာ
တိတ်ဆိတ်ပြီး အနှောင့်အယှက်ကင်းသည့် နေရာကို ရွေးချယ်ပါ။
လိုအပ်သည့်အရာ
ဤစာအုပ်အပြင် ကျမ်းစာအုပ်၊ ခဲတံ၊ မှင်တံတို့ကို ဆောင်ထားပါ။
လေ့လာနည်း
ကျမ်းစာပိုဒ်တိုင်းကို ဆင်ခြင်အောက်မေ့လျှင် သေသေချာချာ စဉ်းစားပြီးမှ အဖြေကိုရေးချပါ။ မိမိလေ့လာနေသော ကျမ်းပိုဒ်၏ပတ်ဝန်းကျင်တွင် ရှိသော ကျမ်းပိုဒ်များကိုပါ ဖတ်ရှုပါက ပိုမိုတိကျသော အဖြေကို ရပါမည်။ ဖြစ်နိုင်လျှင် အဖြေကို ကိုယ့်စကားဖြင့် ရေးပါ။ တစ်ပတ်လျှင် သင်ခန်းစာတစ်ခုပြီးပါက ဤစာအုပ်ကို တစ်လနှင့် ပြီးပါလိမ့်မည်။
ခရစ်တော်နှင့် မိဿဟာယဖွဲ့ရာတွင် ခွန်အားနှင့်ပြည့်ဝပြီး ခိုင်မြဲရန် သင်ခန်းစာ (၄) ခုခွဲပြီး ဖော်ပြပါမည်။
၁။ အသက်တာသစ်
၂။ ခရစ်တော်သည် အရှင်သခင်
၃။ ဝတ်ပြုသည့် အသက်တာ
၎။ ခရစ်တော်အတွက် သက်သေခံခြင်း