ခရစ်ယာန်အသက်ရှင်မှုကို
လေ့လာခြင်း
Christian Living
သင်ခန်းစာပေါင်းချုပ် ၎
သင်ခန်းစာ (၂)
ခရစ်တော်သည် အရှင်သခင်ဖြစ်သည်
၉။ ဘုရားသခင်၏ ကျေးဇူးတော်နှင့် ခွင့်လွှတ်ခြင်းကို သိကျွမ်းပြီးသော ကျွန်ုပ်တို့သည် ရော ၁၂း၁ အရ ဘာလုပ်သင့်သလဲ။
______________________________
ပေါလု (Paul) က ခရစ်တော်ကို သူ့အသက်တာ၏ အရှင်သခင်အဖြစ် ဘယ်လိုသက်သေခံ ထားသည်ကို ဖိ ၃း၃-၁၄ တွင် ဆက်လက်လေ့လာပါ။ သူ၏ အသက်တာသစ်နှင့် အသက်တာဟောင်းတို့၏ ရည်မှန်းချက် ပန်းတိုင်များကို နှိုင်းယှဉ်ပါ။
ခရစ်တော်ကို ယုံကြည်လက်ခံတဲ့ ခရစ်ယာန်တိုင်းတွင် ခရစ်တော်ရှိသော်လည်း ခရစ်ယာန်အချို့၌သာ ခရစ်တော်ထင်ရှားပြီး ခရစ်ယာန် အနည်းငယ်ခန့်သာ ခရစ်တော်ကို အရှင်သခင်အဖြစ် ဦးထိပ်ထားသည်။
၁၀။ ရှင်ယောဟန်ခရစ်ဝင်ကျမ်း ၁၂း၂၆ အရ
(၁) ခရစ်တော်ထံဆက်ကပ် အစေခံလိုသည့် ခရစ်ယာန်သည် ဘာလုပ်မည်နည်း။
______________________________
(၂) သူဘယ်မှာ ရှိမလဲ။
______________________________
(၃) သူ့အတွက် ဘုရားသခင် ဘာလုပ်မလဲ။
______________________________
ခရစ်တော်သည် အရှင်သခင်ဖြစ်ကြောင်း လက်တွေ့ကျင့်သုံးပါ
ရည်ရွယ်ချက်ကောင်းတိုင်း အောင်မြင်မှု မသေချာဘူး။ လူတချို့မှာ အစကောင်းသော်လည်း အဆုံးတွင် အောင်မြင်မှုမရကြ။ ဆုံးဖြတ်ချက်ချခြင်းသည် အောင်မြင်မှု၏ ၅% သာဖြစ်ပြီး၊ ဆုံးဖြတ်ချက်အတိုင်း လက်တွေ့ကျင့်သုံးခြင်းသည် အောင်မြင်မှု၏ ၉၅% ဖြစ်သည်။ သင်သည် ခရစ်တော်ကို အရှင်သခင်အဖြစ် ဆုံးဖြတ်ဆက်ကပ်ပြီးနောက် နေ့စဉ် အသက်တာကို အချိန်နာရီတိုင်း နာခံလိုက်လျှောက်ခြင်းဖြင့် သူ့ကို အရှင်သခင် ဖြစ်ကြောင်း ပေါ်လွင်စေပါ။