ခရစ်ယာန်အသက်ရှင်မှုကို
လေ့လာခြင်း
Christian Living
သင်ခန်းစာပေါင်းချုပ် ၎
သင်ခန်းစာ (၃)
ဝတ်ပြုကိုးကွယ်သည့်အသက်တာ
၇။ နှုတ်ထွက်စကားတော်အတိုင်း လိုက်လျှောက်သူအား ခရစ်တော်က ဘာကတိ ပေးသလဲ။
(၁) ယော ၁၄း၂၁ _____________________
(၂) ယော ၁၄း၂၃ _____________________
(၃) ၁ ယော ၃း၂၄ _____________________
ဘုရားသခင်သည် မိမိကိုယ်ကို နှုတ်ထွက်စကားတော်အားဖြင့် ကျွန်ုပ်တို့အား ဖော်ပြသည်။ ဘုရားသခင်နှင့် ကျွန်ုပ်တို့နေ့စဉ် မိဿဟာယဖွဲ့ရာတွင် သန့်ရှင်းသော ဝိညာဉ်တော်သည် ကျမ်းစာအားဖြင့် ကျွန်ုပ်တို့ကို ပြောဆိုသွန်သင်ခြင်း ပြုနေပါသည်။
၈။ ကျမ်းစာ၏ အနက်ကို ယေရှု ဖော်ပြသောအခါ တပည့်တော်တို့သည် မိမိတို့၏ ခံစားချက်ကို ဘယ်လိုပြန်ပြောခဲ့ ကြသလဲ။ (လု ၂၄း၃၂)
______________________________
၉။ နှုတ်ထွက်စကားတော်ကို ဖတ်ခြင်းအားဖြင့် ရရှိမည့် အကျိုး ၂-ရပ်ကား အဘယ်နည်း။ (နေဟမိ ၉း၃)
______________________________
______________________________
သင်သည် သမ္မာကျမ်းစာကို နေ့စဉ်ဖတ်ပါသလား
မဖတ်ခဲ့လျှင် ယခုစတင်ဖတ်ပါ။ ရှင်မာကု (Mark) (သို့မဟုတ်) ရှင်ယောဟန် (John) ခရစ်ဝင်ကျမ်းမှ စတင်ဖတ်ပါ။ သင့်အသက်တာတွင် အလေ့အထ ဖြစ်သည့်တိုင်အောင် နေ့စဉ် အနည်းဆုံး အခန်းကြီး တစ်ခန်း ပြီးအောင်ဖတ်ပါ။
သင်သည် (၅)လ အတွင်း ဓမ္မသစ်ကျမ်း တစ်ခုလုံး ဖတ်ပြီးနိုင်ရန် နေ့စဉ် အခန်းကြီး နှစ်ခန်းသာ ဖတ်ဖို့လိုမည်။