ခရစ်ယာန်အသက်ရှင်မှုကို
လေ့လာခြင်း
Christian Living
သင်ခန်းစာပေါင်းချုပ် ၎
သင်ခန်းစာ (၃)
ဝတ်ပြုကိုးကွယ်သည့်အသက်တာ
၁၅။ ဘုရားသခင်သည် သူ့ထံသို့လာသော သားသမီးတို့ကို ဘာကတိတော်များ ပေးပါသလဲ။
(၁) မဿဲ ၇း၈ ____________________
(၂) မဿဲ ၇း၁၁ ___________________
၁၆။ ကျွန်ုပ်တို့သည် တပ်မက်သောအရာကို ဘာကြောင့် မရနိုင်သလဲ။ (ယာ ၄း၂)
______________________________
ဘုရားသခင်သည် ဖြောင့်မတ်သော ဆုတောင်းခြင်းကို နားညောင်း၍ တိကျသော ဆုတောင်းချက်ကို အဖြေပေးတော်မူသည်။ သင်ဆုတောင်းပေးလိုသော လူများနှင့် အကြောင်းအရာများကို စာရင်းပြုလုပ်ပြီး ယုံကြည်ခြင်းဖြင့် ဆုတောင်းပါ။
ဘုရားသခင်နှင့် နေ့စဉ်သီးသန့်အချိန်
ခရစ်ယာန်တိုင်းသည် မိမိ အရှင်သခင်နှင့် နေရာမရွေး၊ အချိန်မရွေး တွေ့ဆုံ မိဿဟာယဖွဲ့ရခြင်းသည် အခွင့်ကောင်း တစ်ခုဖြစ်ပါသည်။
သန့်ရှင်းသူများနှင့် ဝိညာဉ်တန်ခိုး ကြီးမားသူတို့သည် နေ့စဉ် (အထူးသဖြင့် နံနက်ပိုင်းတွင်) ဘုရားသခင်နှင့် မိဿဟာယဖွဲ့သူများသာ ဖြစ်၏။
မည်သူနှင့်မျှ မတွေ့ခင် အကျွန်ုပ် ဆုတောင်းသင့်သည်။ အကျွန်ုပ် စိတ်ဝိညာဉ်သည် အခြားသူများနှင့် မနီးစပ်ခင် ဘုရားသခင်နှင့် စတင်ခြင်း၊ နီးစပ်ခြင်း၊ သူ့ကိုရှေးဦးစွာ ရှာခြင်းသည် အကောင်းဆုံး ဖြစ်သည်။
ရောဘတ်မူရေးမက်ခနီ (Robert Murray McCheyne)
၁၇။ ခရစ်တော်သည် ဘယ်လိုအချိန်မှာ တပည့်တော်များကို သွန်သင်ပေးသလဲ။ (မာ ၄း၃၄) အဖြေမှန်ကို မျဉ်းသားပါ။
(၁) တိတ်ဆိတ်သောအချိန်တွင်
(၂) စေတနာနှင့်အမှုဆောင်စဉ်
(၃) လူစုကြီး၏အသံကိုနားထောင်စဉ်