« « မာတိကာ Table of Contents

ခရစ်ယာန်အသက်ရှင်မှုကို
လေ့လာခြင်း
Christian Living

သင်ခန်းစာပေါင်းချုပ် ၎

သင်ခန်းစာ (၄)

ခရစ်တော်အတွက် သက်သေခံခြင်း

ရှင်ပေါလု၏သက်သေခံချက်

တမန်တော် ရှင်ပေါလု (Paul) သည် ဧဝံဂေလိတရား (The Gospel) ကို ဟောပြောသောကြောင့် အကြိမ်ကြိမ် ထောင်ချခံရသော်လည်း သူသည် အခွင့်ရတိုင်း ရဲဝံ့စွာ သက်သေခံသေးသည်။ အဂြိပ္ပမင်းကြီး (King Agrippa) နှင့် ဝန်ကြီးများရှေ့တွင် ရှင်ပေါလု၏ သက်သေခံချက် (တ ၂၆း၁-၂၉) ကိုဖတ်ပြီး အောက်ပါမေးခွန်းများကို ဖြေပါ။

၁၂။ သူ၏ သက်သေခံချက်ကို စတင်ရာ၌ (တ ၂၆း၂-၃) အဖြေမှန်ကို မျဉ်းသားပါ။

(၁) နားထောင်သူများကို ပြစ်တင်ပြောဆိုသည်။
(၂) ခရစ်တော်အကြောင်းကို တောင်းပန်ပြီးပြောသည်။
(၃) ယဉ်ကျေးစွာပြောသည်။

၁၃။ ရှင်ပေါလုသည် အလွန်ကိုင်းရှိုင်းသော ဘာသာတရား၌ ကြီးပွားခဲ့သော်လည်း (တ ၂၆း၎-၅) ခရစ်ယာန်များအပေါ် ဘယ်လိုသဘောထားခဲ့သလဲ။
(တ ၂၆း၉၊ ၁၁) ____________________

၁၄။ ဘယ်အချက်က ရှင်ပေါလုအသက်တာကို ပြောင်းလဲစေခဲ့သလဲ။
(တ ၂၆း၁၂-၁၅) ____________________

၁၅။ ဧဝံဂေလိတရား (The Gospel) ကို ပေါလုရှင်းပြရာ၌ (တ ၂၆း၂၃) ခရစ်တော်သည်
______________________________

ဧဝံဂေလိတရားဆိုတာ ဘာလဲ

ခရစ်တော်သည် ကျမ်းစာလာသည့်အတိုင်း ငါတို့အပြစ်ကြောင့် အသေခံတော်မူ၏။ သဂြိုဟ် (Burial) ပြီးမှ ကျမ်းစာလာသည့်အတိုင်း သုံးရက်မြောက်သောနေ့၌ ထမြောက်တော်မူ၏။

၁ ကော ၁၅း၃-၎

Back to Top ▲

အသင်းတော်အတွင်းကန့်သတ်ထုတ်ဝေသည်။

Copyright © Myanmar Christian Resources Ministry. All rights reserved.
All copyrights belong to their respective owners.