ခရစ်ယာန်အသက်ရှင်မှုကို
လေ့လာခြင်း
Christian Living
သင်ခန်းစာပေါင်းချုပ် ၎
သင်ခန်းစာ (၄)
ခရစ်တော်အတွက် သက်သေခံခြင်း
၁၆။ အဂြိပ္ပမင်းကြီး (King Agrippa) ကို ပေါလု (Paul) ဘာမေးခဲ့သလဲ။ (တ ၂၆း၂၇)
______________________________
၁၇။ ရှင်ပေါလုက သူ၏ သက်သေခံချက်ကို ကြားရသောသူ အပေါင်းတို့သည် သံကြိုးမှလွဲ၍ သူကဲ့သို့ ဘုရားသခင်ကို စိတ်နှလုံး အကြွင်းမဲ့ယုံကြည် ကိုးစားသူ ဖြစ်စေလိုသည်။ (တ ၂၆း၂၉)
မှန်သည်
မှားသည်
၁၈။ တမန်တော်ဝတ္ထု ၂၆း၁-၂၃ ရှင်ပေါလု၏ သက်သေခံချက်ကို ပြန်ဖတ်ပြီး အကြောင်းအရာအလိုက် ကျမ်းညွှန်းများ တွဲပေးပါ။
(၁) သူ၏ချဉ်းကပ်နည်း _________________________
(၂) သူကြီးပြင်းလာခဲ့ပုံ _________________________
(၃) သူခရစ်တော်နှင့်တွေ့ပုံ _______________________
(၄) ဧဝံဂေလိတရား ____________________________
သင်၏ သက်သေခံချက်
ယခုသင်သည် ရှင်ပေါလု၏ သက်သေခံချက်ကို ကြားသိခဲ့ရပြီး ခရစ်တော်ကို သင်ယုံကြည် လက်ခံခဲ့ပုံကို ပြန်ပြောခြင်းသည် ခရစ်တော်ကို မယုံကြည်သေးသူအား ကွင်းကွင်းကွက်ကွက် တွေ့မြင်စေသည်သာမက နားလည်သဘောပေါက်ရန် လွယ်ကူစေသည်။
ရုတ်တရက် ဖွင့်ဟဝန်ခံရန် နှုတ်မရဲသော်လည်း သက်သေခံခြင်းဟာ အထိရောက်ဆုံးနည်းဖြစ်သည်။ သင့်မိတ်ဆွေများနှင့် မိဘဆွေမျိုးများ ပြောင်းလဲခြင်းရရန် ဆုတောင်းသက်သေခံပါ။