ခရစ်ယာန်အသက်ရှင်မှုကို
လေ့လာခြင်း
Christian Living
သင်ခန်းစာပေါင်းချုပ် ၎
သင်ခန်းစာ (၄)
ခရစ်တော်အတွက် သက်သေခံခြင်း
သက်သေခံလျှင်
– ကိုယ်တွေ့ဖြစ်ပါစေ။ သင့်အတွက် ခရစ်တော် လုပ်ဆောင်ပေးခဲ့သော ကိုယ် တွေ့ကြုံခံစားရသည့် အရာများကို ပြန်ပြောပါ။ တရားဟောခြင်းမပြုနှင့်။
– တိုတိုနှင့်လိုရင်းပြောပါ။ လိုအပ်သော အကြောင်းအရာ တစ်ခုအတွက် သုံးလေးမိနစ်ခန့်သာ အချိန်ယူပါ။
ခရစ်တော်ကိုဦးတည်ပါ
– ခရစ်တော် လုပ်ဆောင်ပေးခဲ့သော အရာများကို သက်သေခံမှသာ ဘုရားသခင်၏ ဂုဏ်တော်ကို ချီးမွမ်းရာရောက်မည်။
– နှုတ်ထွက် စကားတော်ကို အသုံးပြုပါ။ ကျမ်းစာ တစ်ပိုဒ်နှစ်ပိုဒ်ခန့်ကို ကိုးကားjခင်းကြောင့် သင်၏ သက်သေခံချက်မှာ တန်ခိုးပါပြီး ဓါးကဲ့သို့ ထက်မြက်စေသည်။ (ဧဖတ် ၆း၁၇)
သက်သေခံချက်ကို ဘယ်လိုပြင်ဆင်မလဲ
မယုံကြည်သေးသော သူများကို ပြောပြရသကဲ့သို့ နားလည်လွယ်သော စကားလုံးဖြင့်သာ ရိုးရိုးလေး ရှင်းပြပါ။ ပြောလိုသော စကားများကို စာရွက်ပေါ်တွင် ရေးချပါ။ ထို့နောက် အချောပြန်ကူးပါ။
(၁) သင်သည် ခရစ်တော်ကို မယုံကြည်ခင်က ရေစုံမျောနေသောဘဝဖြင့် ခပ်တိုတို နိဒါန်းပျိုးပါ။
(၂) ထို့နောက် ဘာကြောင့် ပြောင်းလဲလာသည်။ ဘယ်လိုပြောင်းလဲ ခဲ့သည်ကို ရေးပါ။
(၃) ပြောင်းလဲခြင်းကြောင့် ခံစားရသော အကျိုးကျေးဇူးများ-
- အပြစ်လွှတ်ခြင်းခံရခြင်း
- ကယ်တင်ခြင်းအတွက် စိတ်ချရခြင်း
- စိတ်ငြိမ်သက်မှု
- နှစ်သိမ့်မှု
စသည်ဖြင့် သက်သေခံပါ။