ခရစ်ယာန်အသက်ရှင်မှုကို
လေ့လာခြင်း
Christian Living
သင်ခန်းစာပေါင်းချုပ် ၎
သင်ခန်းစာ (၄)
ခရစ်တော်အတွက် သက်သေခံခြင်း
ဤလေ့လာခြင်းမှ ရရှိသည့်အနှစ်သာရ

သမ္မာကျမ်းစာ (The Bible) သည် အသက်စာစောင်ဖြစ်၍ အမှန်တရား၏ ဘဏ္ဍာတိုက် (Treasury) ဖြစ်၏။

နှုတ်ထွက်စကားတော်သည်-
- စိတ်ဝိညာဉ်ကို ပြုပြင်တတ်၏။
- မလိမ္မာသော သူတို့ကို လိမ္မာစေတတ်၏။
- စိတ်နှလုံးကို ရွှင်လန်းစေတတ်၏။
- မျက်စိကိုရှင်းလင်းစေတတ်၏။
- ရွှေစင်ထက် နှစ်သက်ဖွယ်ဖြစ်၏။
- ပျားလပို့ (Honey) ထက်ချို၏။
တရားစောင့်ခြင်း အကျိုးသည် ကြီးလှပါ၏
ဆာလံ ၁၉း၇-၁၁
ဘုရားသခင်သည် သမ္မာကျမ်းစာ၌ ကြွယ်ဝသော ဥာဏ်ပညာနှင့် စည်းစိမ်ချမ်းသာတို့ကို ခရစ်ယာန်တိုင်းအား ပေးထားလျက် ရှိသော်လည်း နှုတ်ထွက်စကားတော်ကို ကြိုးစာ၍ လေ့လာရှာဖွေ သူသာလျှင် ရယူပိုင်ဆိုင်မည် ဖြစ်သည်။ နှုတ်ထွက်စကားတော်ကို လေ့လာစဉ် “သော့ (Key)” တည်းဟူသော စဉ်းစားဆင်ခြင်ခြင်းနှင့် ဆုတောင်းခြင်း ရှိမှသာ၊ ဘုရားသခင်၏ ပညာဘဏ်တိုက်ကို ဖွင့်နိုင်မည်။ သင် ရှာနေသော ကျမ်းပိုဒ် တစ်ပိုဒ်စီကို ဆုတောင်းလျက် စဉ်းစားဆင်ခြင်ခြင်း အားဖြင့် ကျမ်းပိုဒ်၏ အဓိပ္ပါယ်ကို သိလာမည်ဖြစ်ပြီး အသက်တာတွင် မည်သို့ လက်တွေ့ကျင့်သုံး ရမည်ကို နားလည်လာမည် ဖြစ်သည်။
သင်၏ တိုးပွားခြင်းကို လူအပေါင်းတို့အား ထင်ရှားစေခြင်းငှာ၊ ဤအရာများကို စိတ်စွဲလန်း၍၊ ကြိုးစားအားထုတ်လော့
၁ တိ ၄း၁၅
နှုတ်ထွက်စကားတော်ကို စဉ်းစားဆင်ခြင်ရာ၌ သင့်အတွက် အထောက်အကူဖြစ်ရန် ဤစာအုပ်တွင် မေးခွန်းပုံစံသစ် တစ်မျိုးထည့်ပေးထားသည်။ ယင်းမှာ ကျမ်းပိုဒ်များကို မိမိစကားဖြင့် ရေးရန်ဖြစ်သည်။ ဤသို့ ရေးနိုင်ရန် ကျမ်းပိုဒ်တစ်ပိုဒ်ကို နှစ်ကြိမ်သုံးကြိမ်ခန့် ဖတ်ပြီး စဉ်းစားကြည့်ပါ။ ပြီးလျှင် အခြားသူ တစ်ဦးတစ်ယောက်ကို ပြောပြနေသကဲ့သို့ ကျမ်းပိုဒ်ပါ အကြောင်းအရာများကို ရေးချပါ။