ခရစ်ယာန်အသက်ရှင်မှုကို
လေ့လာခြင်း
Christian Living
သင်ခန်းစာပေါင်းချုပ် ၅
သင်ခန်းစာ (၂)
သမ္မာကျမ်းစာဆိုသည်ကား အဘယ်နည်း

သမ္မာကျမ်းစာသည် လူသားများအား ဘုရားသခင်ပေးသည့် အကောင်းဆုံး လက်ဆောင် ဖြစ်ကြောင်း ကျွန်ုပ်ယုံကြည်သည်။ ဤလောက၏ ကယ်တင်ရှင်ထံမှ ကောင်းသော အရာ အားလုံးကို ဤစာအုပ်မှတဆင့် ကျွန်ုပ်တို့ ဆက်သွယ် ရရှိနိုင်သည်။ လူသားများ၏ လောကီ၊ လောကုတ္တရာ အကျိုးအတွက် အလိုလားအပ်ဆုံးသော အရာများကို သမ္မာကျမ်းစာတွင် ထင်ရှားစွာ တွေ့ရှိရသည်
I believe the Bible is the best gift God has ever given to man. All the good from The Savior of the world is communicated to us through this Book.
အာဗြဟံ လင်ကွန်း | Abraham Lincoln
ကျမ်းစာသည် မည်သူ၏စကားနည်း
၁။ ကျမ်းစာ နှုတ်ထွက်စကားတော်နှင့် ပတ်သက်၍ ၂ တိ ၃း၁၆ တွင် မည်သို့ဆိုထားသနည်း။ (အဖြေမှန်ကို မျဉ်းသားပါ)
(၁) ကျမ်းစာမှ အချို့အပိုင်းများမှာ ဘုရားသခင် မှုတ်သွင်းတော်မူခြင်း ခံရသည်။
(၂) ဘုရားသခင် မှုတ်သွင်းတော်မူခြင်း မပြုသည့် အပိုင်းအချို့ရှိသည်။
(၃) ကျမ်းစာတစ်အုပ်လုံးသည် ဘုရားသခင် မှုတ်သွင်းတော် မူခြင်းအားဖြင့် ဖြစ်သည်။
(၄) ကျွန်ုပ်တို့ကို တွေ့ထိ စကားပြောသော အပိုင်းသာလျှင် ဘုရားသခင်၏ မှုတ်သွင်းတော်မူခြင်း ခံရသည်။
၂။ ကောရိန္တုသြဝါဒစာ ပဌမစောင် ၂း၁၃ တွင်-
(၁) ဘုရားသခင်၏ နက်နဲသော အရာများကို ပေါလု (Paul) သည် မည်ကဲ့သို့သိရှိ၍ ပြောဆိုသနည်း။
______________________________
(၂) ဝိညာဉ်တော်သည် ယေဘူယျ (General) ထင်မြင်ချက်များကို သွန်သင်ပါသလား။ (သို့မဟုတ်) စကားလုံး အတိအကျဖြင့် သွန်သင်ပါသလား။
______________________________