ခရစ်ယာန်အသက်ရှင်မှုကို
လေ့လာခြင်း
Christian Living
သင်ခန်းစာပေါင်းချုပ် ၅
သင်ခန်းစာ (၂)
သမ္မာကျမ်းစာဆိုသည်ကား အဘယ်နည်း
ဓမ္မဟောင်းကျမ်း

ဓမ္မဟောင်းကျမ်း (Old Testament)(သို့မဟုတ်) ပဋိညာဉ်ဟောင်းမှာ ဘုရားသခင်နှင့် လူတို့၏ ကနဦး သဘောတူညီချက်ကို ဖေါ်ပြသည်။ ဖန်ဆင်းခြင်း အချိန်မှစ၍ ခရစ်တော် မကြွလာမီနှစ်ပေါင်း (၄၀၀) အချိန်လောက်အထိ ဘုရားသခင်နှင့် လူတို့ဆက်ဆံပုံ အကြောင်းအရာများ ပါရှိသည်။
ဤသင်ခန်းစာ၏ နောက်ဆုံးတွင်ရှိသော ဇယားမှာ သမ္မာကျမ်းစာ (Bible) တစ်အုပ်လုံးကို ခြုံငုံ၍ ဖေါ်ပြထားခြင်းဖြစ်သည်။ ဤအခန်းရှိ မေးခွန်းများကို မဖြေမီ ယင်းဇယားကို သေချာစွာ လေ့လာပါ။ ဖြေဆိုရာတွင် သင်၏ ကျမ်းစာအုပ်ကို အသုံးပြုပါ။
၈။ ရောမသြဝါဒစာ ၁၅း၎ အရ၊ ဓမ္မဟောင်းကျမ်း (Old Testament) ရေးသားရခြင်း၏ အကြောင်းအရင်းများမှာ အဘယ်နည်း။
______________________________
______________________________
______________________________
၉။ ဓမ္မဟောင်းကျမ်း၏ ပထမ (၅) စောင်ကို မောရှေ (Moses) ရေးသားသည်။ “မောရှေ၏ ကျမ်း (၅) စောင်” ဟုခေါ်ဆိုသည်။ ၎င်းတို့ကို သင့်ကျမ်း စာအုပ်တွေ့ရှိရသည့် အစီအစဉ်အတိုင်း အောက်တွင် ရေးချပါ။
(၁) _________________ အစအဦး အဖြစ်အပျက်များကို ဖေါ်ပြသောကျမ်း (ဖန်ဆင်းခြင်းအစ၊ လူအစ၊ အပြစ်အစ၊ ရွေးနှုတ်ခြင်းအစ၊ ဘုရားသခင်၏ လူမျိုးတော်အစ)
(၂) _________________ ဘုရားသခင်သည် သူ၏ လူမျိုးတော်ကို အဲဂုတ္တုပြည် (Egypt) မှ ကယ်တင်ပြီး၊ ပညတ်တော်များ (The Commandments) ကို ပေးကြောင်း ဖေါ်ပြသောကျမ်း။
(၃) _________________ သန့်ရှင်းခြင်းနှင့် ဝတ်ပြုကိုးကွယ်ခြင်းဆိုင်ရာ ယဇ်ပုရောဟိတ်များ (Priests) လိုက်နာရန် ပညတ်များကို ဖေါ်ပြသောကျမ်း- (ယဇ်ပူဇော်ခြင်း၊ သန့်စင်စေခြင်း နည်းများအားဖြင့်)
(၄) _________________ ဘုရားသခင်၏ လူမျိုးတော်များသည် အမြဲတစေ နာခံမှုမရှိသောကြောင့် တောထဲတွင် အနှစ် (၄၀) ကာလပတ်လုံး လှည့်လည်ရကြောင်း ဖေါ်ပြသောကျမ်း။
(၅) _________________ ကတိတော်ပြည်သို့ ဝင်ရန် ပြင်ဆင်မှုအတွက် လူအများအား မောရှေ (Moses) ပေးသော သွန်သင်မိန့်မှာချက်ကြီးများကို ဖေါ်ပြသောကျမ်း။