ခရစ်ယာန်အသက်ရှင်မှုကို
လေ့လာခြင်း
Christian Living
သင်ခန်းစာပေါင်းချုပ် ၅
သင်ခန်းစာ (၂)
သမ္မာကျမ်းစာဆိုသည်ကား အဘယ်နည်း
၁၃။ ဓမ္မဟောင်းကျမ်း (Old Testament) မှ နောက်ဆုံးကျမ်း (၁၂) စောင်မှာ ပရောဖက်ကျမ်း (The Book of Prophecy) (အငယ်) ဖြစ်သည်။ ဤကျမ်းများကို ဘီစီ (၈၀၀-၄၀၀) အတွင်းရေးသားခြင်းဖြစ်သည်။ အစဉ်လိုက် ရေးပါ။
(၁) ___________ | (၂) ___________ |
(၃) ___________ | (၄) ___________ |
(၅) ___________ | (၆) ___________ |
(၇) ____________ | (၈) ____________ |
(၉) ____________ | (၁၀) ____________ |
(၁၁) ____________ | (၁၂) ____________ |
ဓမ္မဟောင်းကျမ်းတွင် ကျမ်း (၃၉) စောင်ရှိသည်ကို သတိပြုပါ။ ဓမ္မသစ်ကျမ်းမှ (၂၇) စောင်နှင့်ပေါင်းလျှင် ကျွန်ုပ်တို့၏ ကျမ်းစာတွင် ကျမ်းပေါင်း (၆၆) စောင်ရှိသည်။ ဤကျမ်းစာစောင်များကို အစီအစဉ်အလိုက် ရွတ်ဆိုကျက်မှတ်ထားပါက များစွာ အကျိုးရှိပါသည်။ ယခုစကျက်ပါ။ ဤသင်ခန်းစာပါ အစီအစဉ်အတိုင်း (မောရှေကျမ်း၊ ရာဇဝင်ကျမ်း၊ လင်္ကာကျမ်း စသည်ဖြင့်) တစ်ကြိမ်လျှင် အပိုင်းတစ်ပိုင်းကို ကျက်ပါ။
ဓမ္မသစ်ကျမ်း

ဓမ္မသစ်ကျမ်း (New Testament) (သို့မဟုတ်) ပဋိညာဉ်သစ်မှာ ဘုရားသခင်နှင့် လူတို့၏ လက်ရှိသဘော တူညီချက်ဖြစ်၍ လူတို့၏ ကယ်တင်ရှင်ဖြစ်သည့် သခင်ယေရှုခရစ်ကို ဖော်ပြခြင်းဖြစ်သည်။ ဓမ္မသစ်ကျမ်းတွင် ခရစ်တော်၏ သက်တော်စဉ်၊ ခရစ်ယာန်ဘာသာ၏ အစ၊ ကယ်တင်ခြင်း လမ်း၊ ခရစ်ယာန် အသက်တာအတွက် သွန်သင် ချက်များနှင့် အနာဂါတ်တွင် ဘုရားသခင်၏ အကြံအစည် တော်တို့ကိုတွေ့ရသည်။