« « မာတိကာ Table of Contents

ခရစ်ယာန်အသက်ရှင်မှုကို
လေ့လာခြင်း
Christian Living

သင်ခန်းစာပေါင်းချုပ် ၅

သင်ခန်းစာ (၃)

အသက်တာ၌ ဘုရားသခင်၏ နှုတ်ထွက်စကားတော်

  • သမ္မာကျမ်းစာကို နေ့စဉ် စနစ်တကျ ဖတ်နိုင်ရန်အတွက် နေ့စဉ် ဝတ်ပြု ကိုးကွယ်သော အချိန်တွင် မှန်မှန်ဖတ်ပါ။
  • ကျမ်းစာဖတ်သည့် အလေ့မရှိသေးလျှင် ရှင်မာကု (Mark) (သို့မဟုတ်) ရှင်ယောဟန် (John) ခရစ်ဝင်ဖြင့် အစပြုပါ။ တစ်နေ့လျှင် အခန်းကြီး နှစ်ခန်း ဖတ်သွားလျှင် ၁၉ ပါတ်အတွင်း ဓမ္မသစ်ကျမ်း တစ်စောင်လုံးကို ပြီးစီး ပါလိမ့်မည်။
  • ဒေါက်တာ ဟာရီ အိုင်ယွန်စိုက်သည် (၁၄) နှစ်သားအရွယ်တွင် ကျမ်းစာ တစ်အုပ်လုံးကို ဖတ်ပြီးသည့် အကြိမ်ပေါင်းသည် သူ့အသက်ထက် နည်းသည်။ သူအသက် ၂၁ နှစ် အရွယ်ရောက်သည့် အခါ ၂၁ ကြိမ်ဖတ်ပြီး ဖြစ်သည်။ နောက်ပိုင်းတွင် သူကျမ်းစာဖတ်ပြီးသည့် အကြိမ်ပေါင်းသည် သူ့အသက်ထက် သာလွန်သွား ပါသည်။

(ဂ) လေ့လာပါ

၁၈။ သုတ္တံကျမ်း ၂း၎ က ကျွန်ုပ်တို့သည် နှုတ်ထွက်စကားတော်ကို မည်သို့ လေ့လာသင့်ကြောင်း ဖော်ပြထားသနည်း။
______________________________
______________________________

၁၉။ ကျမ်းစာကို လေ့လာရာတွင် ကျွန်ုပ်တို့၏ ရည်မှန်းချက်မှာ မည်သို့ရှိသင့်သနည်း။ (၂ တိ ၂း၁၅)
______________________________
______________________________
______________________________

လေ့လာခြင်းဆိုသည်မှာ သေချာစွာ ဖတ်ခြင်းထက်သာ၍ လေးနက်ပြီး တွေ့ရှိသည့် အချက်များကို ရေးချရန်လိုသည်။ ဖတ်ခြင်းမှာမူ လေ့လာခြင်းထက် မြန်ဆန်ပြီး ခြုံငုံ၍ သိနိုင်ပါသည်။ သို့ရာတွင် လေ့လာခြင်းသည် စဉ်းစားတွေးခေါ် ရန်နှင့် မှတ်မိစေရန် အထောက်အကူ ပြုသည်။

ကျမ်းစာလေ့လာခြင်းကို သင့်အသက်တာတွင် အလေ့အထ တစ်ခုအနေဖြင့် မှန်မှန်ပြုလုပ် သွားနိုင်ရန် အတွက် “ခရစ်ယာန် အသက်ရှင်မှုကို လေ့လာခြင်း” စာအုပ်စဉ်များကို စီမံပေးထားသည်။ စာအုပ်စဉ် (၁၀) ရောက်သည်အထိ တစ်အုပ်ပြီးတစ်အုပ် ကြိုးစားဖြေဆိုပါ။ စာအုပ်စဉ် (၁၀) မှာ သမ္မာကျမ်းစာကို ကိုယ်တိုင်ရှာဖွေ လေ့လာရန် နည်းလမ်းများနှင့် သက်ဆိုင်ပါသည်။


Back to Top ▲

အသင်းတော်အတွင်းကန့်သတ်ထုတ်ဝေသည်။

Copyright © Myanmar Christian Resources Ministry. All rights reserved.
All copyrights belong to their respective owners.