ခရစ်ယာန်အသက်ရှင်မှုကို
လေ့လာခြင်း
Christian Living
သင်ခန်းစာပေါင်းချုပ် ၅
သင်ခန်းစာ (၃)
အသက်တာ၌ ဘုရားသခင်၏ နှုတ်ထွက်စကားတော်
(င) ဆင်ခြင်အောက်မေ့ပါ
သမ္မာကျမ်းစာ လေ့လာနည်း (၅) မျိုးကို သင့်လက်ချောင်း ၅ ချောင်းဖြင့်နှိုင်းယှဉ်ပါ။
ကျမ်းစာအုပ်ကို လက်တစ်ချောင်း (သို့မဟုတ်) နှစ်ချောင်းဖြင့် ကိုင်ထားပါက လွယ်ကူစွာ လွတ်ကျသွားနိုင်သည်။ သို့သော် လက်ချောင်းများများ သုံးပါက ပိုမိုခိုင်မြဲစွာ ကိုင်တွယ်ထားနိုင်သည်။ ဝိညာဉ်ရေးရာတွင်လည်း ဤကဲ့သို့ပင်ဖြစ်သည်။ လူတစ်ဦးသည် နှုတ်ထွက်စကားတော်ကို-
- အလွတ်ကျက်မှတ်ခြင်း (ဆာ ၁၁၉း၉-၁၁)
- လေ့လာခြင်း (တ ၁၇း၁၁)
- ဖတ်ခြင်း (ဗျာ ၁း၃)
- ကြားနာခြင်း (ရော ၁၀း၁၇) နှင့်
- ဆင်ခြင်အောက်မေ့ခြင်း (ဆာ ၁း၂-၃)
ပြုလျှင် ကျမ်းစာကိုပိုင်နိုင်စွာ သိကျွမ်းနိုင်ပြီး သူ့အသက်တာတွင် ကျမ်းစာသည် အရေးပါသည့် အစိတ်အပိုင်းတွင် ရှိနေပေမည်။ ကိုင်တွယ်ရာတွင် လက်မကို အခြားမည်သည့် လက်ချောင်းနှင့်မဆိုတွဲ၍ အသုံးပြုရ သကဲ့သို့ နှုတ်ထွက်စကားတော်ကို ပြည့်စုံစွာ နားလည်သဘောပေါက်ရန် အတွက် ဆင်ခြင်အောက်မေ့ခြင်းကို ကြားနာခြင်း၊ ဖတ်ခြင်း၊ လေ့လာခြင်း၊ အလွတ်ကျက်မှတ်ခြင်းနှင့် အမြဲတန်း တွဲထားဖို့လိုသည်။
သမ္မာကျမ်းစာ (Bible) ကို သိကျွမ်းရန်နည်းလမ်း (၅) မျိုး

၂၄။ နှုတ်ထွက်စကားတော်ကို အစဉ်မပြတ် ဆင်ခြင်အောက်မေ့သောသူအတွက် မည်သည့် ကတိတော်များ ရှိပါသနည်း။
(၁) ဆာ ၁း၂-၃ _____________________
_________________________________
(၂) ယောရှု ၁း၈ _____________________
_________________________________
ဆာလံကျမ်း အခန်းကြီး (၁) ကို ဆင်ခြင်အောက်မေ့ရန်အတွက် ကောင်းပါသည်။ အကျင့် ဓလေ့၌၎င်း၊ တည်ကြည်မှု အခြေအနေ၌၎င်း၊ အနာဂါတ် အခြေအနေ၌၎င်း ဖြောင့်မတ်သောသူနှင့် မတရားသောသူတို့ အကြားတွင် ကွာခြားမှု မည်သို့ရှိသည်ကို ဆင်ခြင်အောက်မေ့ပါ။