« « မာတိကာ Table of Contents

ခရစ်ယာန်အသက်ရှင်မှုကို
လေ့လာခြင်း
Christian Living

သင်ခန်းစာပေါင်းချုပ် ၅

သင်ခန်းစာ (၃)

အသက်တာ၌ ဘုရားသခင်၏ နှုတ်ထွက်စကားတော်

၂၅။ ရှင်လုကာခရစ်ဝင် ၆း၄၅ ကို ဆင်ခြင်အောက်မေ့ပါ။ ဘုရားသခင်၏ နှုတ်ထွက်စကားတော်ကို ဆင်ခြင်အေက်မေ့ခြင်းသည် သင့်အပြောအဆို၊ အပြုအမူများအပေါ် အကျိုးသက်ရောက်မှု ရှိပါသလား။ ရှိပါက မည်သို့ အကျိုးသက်ရောက်မှု ရှိပါသနည်း။
______________________________
______________________________

၂၆။ နှုတ်ထွက်စကားတော်ကို ဆည်းပူးလေ့လာရာတွင် နားလည်ရန်အတွက် ကြိုးစားအားထုတ်ခြင်း အပြင် အခြားဘာလုပ်ရန် လိုအပ်သေးသနည်း။ (ဆာ ၁၁၉း၁၈၊ ၇၃၊ ၁၂၅)

ဆင်ခြင်အောက်မေ့ခြင်း ဆိုသည်မှာ နှုတ်ထွက်စကားတော်ကို နားလည်သဘောပေါက်ရန်နှင့် လက်တွေ့ကျင့်သုံးရန်အတွက် ဆုတောင်းလျက် ပြန်လည်စဉ်းစား ဆင်ခြင်ခြင်းဖြစ်သည်။ အသက်တာ၌ အလိုတော်နှင့်အညီ ပုံသဏ္ဌာန် ပြောင်းလဲမှုကို ခံယူရန် ရည်မှန်းချက်ထားပြီး နှုတ်ထွက်စကားတော်နှင့် ပတ်သက်၍၎င်း၊ သင့်အသက်တာနှင့် ပတ်သက်၍၎င်း ၊ ဆုတောင်းလျက် ဆင်ခြင်သုံးသပ်ပါ။

ဆင်ခြင်အောက်မေ့ရာတွင် အထောက်အကူဖြစ်ရန် ဤမေးခွန်း ၂ ခုကိုမေးပါ

(၁) ဤကျမ်းပိုဒ်၏ အဓိပ္ပါယ်အစစ်အမှန်ကား အဘယ်နည်း။

(၂) ဤကျမ်းပိုဒ်အရ ကျွန်ုပ်၏ အသက်တာသည် မည်သို့ဖြစ်သင့်သနည်း။

အထက်ပါ ဆင်ခြင်အောက်မေ့ခြင်းမျိုးကို-

  • နှုတ်ထွက်စကားတော် ဟောပြောချက် ကြားနာရသည့်အချိန်တွင်၎င်း
  • နေ့စဉ် ဝတ်ပြုကိုးကွယ်ချိန်၌ ကျမ်းစာဖတ်သောအခါတွင်၎င်း
  • လေ့လာပြီးသော အကြောင်းအရာကို ဆုတောင်းလျှက်ပြန်လည် ဆင်ခြင်အောက်မေ့သော အခါတွင်၎င်း
  • ကျက်ပြီးသော ကျမ်းပိုဒ်ကို ပြန်နွေးသော အချိန်တွင်၎င်း

ပြုလုပ်နိုင်ပါသည်

၂၇။ ဖိလိပ္ပိသြဝါဒစာ ၄း၈ တွင် ပါဝင်သော အကြောင်းအရာနှင့် ပတ်သက်၍ ဘုရားသခင် ကျွန်ုပ်တို့ကို ဘာလုပ်စေချင်သနည်း။
______________________________

(၁) ထိုကျမ်းပိုဒ်ကို ဆင်ခြင်အောက်မေ့ပါ။ အဓိပ္ပါယ်အစစ်အမှန်ကို စဉ်းစားပါ။

(၂) “ကျမ်းပိုဒ်အရ ကျွန်ုပ်အသက်တာဟာ ဘယ်လိုဖြစ်သင့်သလဲ” ဆိုသည့် မေးခွန်းဖြင့် ကိုယ့်ကိုကိုယ် မေး၍ရေးချပါ။
______________________________
______________________________

ဆင်ခြင်အောက်မေ့ခြင်းနှင့် ပတ်သက်၍ လမ်းညွှန်မှုနှင့် ကောင်းကြီးမင်္ဂလာများ ထပ်မံရလိုလျှင် ဆာလံကျမ်း ၁၁၉း၂၃-၂၄၊ ၅၉-၆၀၊ ၉၇-၁၀၀ ကို ဆင်ခြင်ပါ။


Back to Top ▲

အသင်းတော်အတွင်းကန့်သတ်ထုတ်ဝေသည်။

Copyright © Myanmar Christian Resources Ministry. All rights reserved.
All copyrights belong to their respective owners.