ခရစ်ယာန်အသက်ရှင်မှုကို
လေ့လာခြင်း
Christian Living
သင်ခန်းစာပေါင်းချုပ် ၅
သင်ခန်းစာ (၄)
ဆုတောင်းခြင်း၏ နည်းဥပဒေသများ

ဒုက္ခနှင့် ပြဿနာ အရှုပ်အထွေးများက ကျွန်ုပ်အား ဆုတောင်းစေပြီး၊ ဆုတောင်းခြင်းက ဒုက္ခပြဿနာ အရှုပ်အထွေးများကို လွင့်စင်သွားစေသည်။
ဖိလစ် မိလန်သွန် (Philip Melanchthon)
ဆုတောင်းခြင်းနှင့်ပတ်သက်သော ကတိတော်နှင့် ပညတ်ချက်များ
၁။ ဘုရားသခင်သည် ကျွန်ုပ်တို့၏ ခိုလှုံရာဖြစ်သောကြောင့် ကျွန်ုပ်တို့အား ဘာပြုလုပ် ခိုင်းသနည်း။ (ဆာ ၆၂း၈)
______________________________
______________________________
၂။ ဆုတောင်းခြင်းအားဖြင့် ဘုရားသခင် ထံတော်သို့ ချဉ်းကပ်ရာ၌ ကျွန်ုပ်တို့သည် မည်သည့် စိတ်ထားမျိုးရှိသင့်သနည်း။ (ဟေဗြဲ ၁၀း၂၂) အဖြေမှန်ကို မျဉ်းသားပါ။
(၁) ကြောက်ရွံ့စိတ်ဖြင့်
(၂) ကိုယ့်ကိုကိုယ် မထိုက်မတန်ဟု စိုးရိမ်နေသောစိတ်ဖြင့်
(၃) နိုးကြား၍ သမ္မာသတိရှိလျှက် စင်ကြယ်သောစိတ်ဖြင့်
(၄) မှားယွင်းစွာ ဆုမတောင်းမိရန် သတိကြီးစွာထားလျက်
၃။ ရှင်လုကာခရစ်ဝင် ၁၁း၉ တွင် ဆုတောင်းခြင်းကို မည်သည့်စကားသုံးခွန်းဖြင့် သခင်ယေရှု ဖေါ်ပြသနည်း။ တစ်ခုစီနှင့် စပ်လျဉ်းသော ကတိတော်များကား အဘယ်နည်း။
ပညတ်ချက် | ကတိတော် |
---|---|
______________ | ______________ |
______________ | ______________ |
______________ | ______________ |