ခရစ်ယာန်အသက်ရှင်မှုကို
လေ့လာခြင်း
Christian Living
သင်ခန်းစာပေါင်းချုပ် ၅
သင်ခန်းစာ (၄)
ဆုတောင်းခြင်း၏ နည်းဥပဒေသများ
၁၁။ ကျွန်ုပ်တို့ ဆုတောင်းသောအခါ ကျွန်ုပ်တို့ စိတ်သဘောမှာ ခရစ်တော်ကဲ့သို့ ရှိအပ်လှ၏။ ခရစ်တော်၏ ဆုတောင်းချက်မှာ “သို့သော်လည်း အကျွန်ုပ် _________________________ ” (လု ၂၂း၄၂)
၁၂။ ဆုတောင်းချက် အဖြေရရန် အခြားလိုအပ်ချက် တစ်ခုကား အဘယ်နည်း။ (ဟေဗြဲ ၁၁း၆၊ မဿဲ ၂၁း၂၂)
______________________________
၁၃။ ဘုရားသခင်သည် ကျွန်ုပ်တို့၏ ဆုတောင်းသံကို နားညောင်းလိမ့်မည် ဆိုသည့် ယုံကြည်ခြင်းကို မည်သို့ရရှိနိုင်မည်နည်း။ (၁ ယော ၅း၁၄-၁၅) အဖြေမှန်ကို မျဉ်းသားပါ။
(၁) တနေ့တာအတွင်း ယင်းဆုတောင်းချက်ကိုပင် ထပ်ခါတလဲလဲ တောင်းခြင်း။
(၂) ဘုရားရှင်က ထင်ရှားဖော်ပြသည့် အလိုတော်တောင်းခြင်း။
(၃) ရိုးသားစွာဆုတောင်းခြင်း။
၁၄။ ဘုရားသခင်၏ အလိုတော်ကို သိနိုင်ရန်နှင့် အဖြေရဘို့ ယုံကြည်ခြင်းရှိရန် သင်မည်သို့ ပြုလုပ်ရမည်နည်း။ (ယော ၁၅း၇) အဖြေမှန်ကို မျဉ်းသားပါ။
(၁) ရှည်လျားစွာ ဆုတောင်းခြင်းအားဖြင့်
(၂) ဆုမတောင်းမီ ကျမ်းစာဖတ်ခြင်းအားဖြင့်
(၃) ခရစ်တော်နှင့် ရင်းနှီးသော မိဿဟာယ အစဉ်ရှိပြီး နှုတ်ထွက်စကားတော်ကို နှလုံးသွင်းထားခြင်းဖြစ်သည်။
ဆုတောင်းလေလေ နှုတ်ထွက်စကားတော်ကို ကျွန်ုပ်သိကျွမ်းရန် လိုအပ်ကြောင်း ခံစားရလေလေ ဖြစ်၏။ နှုတ်ထွက်စကားတော်ကို ဖတ်လေလေ၊ ဆုတောင်းစရာ ပိုများလာပြီး ဆုတောင်းခြင်း တန်ခိုးပိုရှိလာလေလေဖြစ်သည်။
အင်ဒရှုး မူရေး (Andrew Murray)