« « မာတိကာ Table of Contents

ခရစ်ယာန်အသက်ရှင်မှုကို
လေ့လာခြင်း
Christian Living

သင်ခန်းစာပေါင်းချုပ် ၆

နိဒါန်း

မိုင်တိုင် ၄ သို့အရောက်

ခရစ်ယာန် အသက်ရှင်မှုကို လေ့လာခြင်းစာအုပ် အမှတ် ၁၊ ၂ နှင့် ၃ ကို ဖြေဆိုပြီးပါက ကျမ်းစာကို ကိုယ်တိုင်တစ်ဦးတည်း လေ့လာခြင်း၏ အကျိုးကျေးဇူးကို သင်သိပြီးဖြစ်ပေမည်။ ကျမ်းစာကို မည်သို့လေ့လာသည်၊ အဖြေကို မည်သို့ ရှာဖွေသည်ကို သင်သဘောပေါက်ပြီး ဖြစ်မည်။ သင်ကိုယ်တိုင် ရှာဖွေလေ့လာသော နှုတ်ထွက်စကားတော်သည် သင်၏ သဘောထား၊ အပြုအမူတို့နှင့် စပ်လျဉ်း၍ တစ်နေ့ထက်တစ်နေ့ မည်သို့အကျိုးပြု နေသည်ကို သင် သတိပြုကောင်း ပြုမိမည် ဖြစ်သည်။

သို့ရာတွင် ဤသို့ စနစ်တကျ ကျမ်းစာလေ့လာခြင်းသည် အကျိုးရှိသော်လည်း ဆက်လက်ဖြေဆိုသော အခါတွင်လည်း အခက်အခဲများကို သင်တွေ့ရမည်ဖြစ်သည်။ အကြောင်းမှာ ဘုရားသခင်၏ နှုတ်ထွက်စကားတော်သည် သင့်အသက်တာကို ပြုပြင်ပြောင်းလဲ ပေးနိုင်ကြောင်း ခရစ်ယာန်တိုင်း၏ ရန်သူစာတန် (Satan) က သိသောကြောင့် နှုတ်ထွက်စကားတော်ကို လေ့လာခြင်း မပြုဖြစ်ရန် အခွင့်ရတိုင်း သူကြိုးစားမည် ဖြစ်သည်။ သင့်အား စာတန်က “မင်းအလုပ် သိပ်များနေတယ် မင်းအခုအချိန်မှာ အာရုံမစိုက် နိုင်သေးပါဘူး။ ဒါလေးကို အရင်လုပ်လိုက်ပါဦး။ နောက်မှ ကျမ်းစာလေ့လာပါ” စသည့် ဆင်ခြေများဖြင့် သွေးဆောင်လိမ့်မည်။ ဘုရားသခင်၏ နှုတ်ထွက်စကားတော်ကို အာရုံမပြုရန် ကြားဖြတ် အနှောင့်အယှက်များ ကိုသော်လည်းကောင်း၊ စုံစမ်းသွေးဆောင်မှုများ ကိုသော်လည်းကောင်း ပြုလုပ်လိမ့်မည်။ သူတစ်ပါး၏ ဝေဖန်ခြင်းများကိုပင် အသုံးပြုကာ သင့်အား တားဆီးမည်ဖြစ်သည်။

ယင်းနှောင့်ယှက်တားဆီးမှုများ၏ အရင်းခံမှာ စာတန် ဖြစ်ကြောင်းကို သိထားခြင်းသည် အောင်မြင်မှုအတွက် အထောက်အကူ ဖြစ်စေသည်။ ကျမ်းစာလေ့လာခြင်းသည် အရေးကြီးကြောင်း လေးနက်စေသည်သာမက ကျမ်းစာကို အဆုံးတိုင်အောင် လေ့လာမည်ဆိုသည့် ဆုံးဖြတ်ချက်ကိုလည်း ပိုမိုခိုင်မာလာစေသည်။ အောင်မြင်စွာ လေ့လာနိုင်ရန် အနည်းငယ် အကြံပေးပါရစေ။


Back to Top ▲

အသင်းတော်အတွင်းကန့်သတ်ထုတ်ဝေသည်။

Copyright © Myanmar Christian Resources Ministry. All rights reserved.
All copyrights belong to their respective owners.