ခရစ်ယာန်အသက်ရှင်မှုကို
လေ့လာခြင်း
Christian Living
သင်ခန်းစာပေါင်းချုပ် ၆
သင်ခန်းစာ (၃)
ပြည်စုံမှုအဆင့်သို့ ဖွံ့ဖြိုးတိုးတက်စေခြင်း
မဆင်မခြင် ပြောလိုက်သော စကားတစ်ခွန်းသည် ရန်မီးကို ညှိတတ်၏။ ရက်စက်ကြမ်းကြုတ်သော စကားသည် ဘဝကို ဖျက်ဆီးတတ်၏။ ခါးသီးသော စကားသည် မုန်းတီးခြင်းကို ပျိုးထောင်ပေး၏။ ကြမ်းတမ်းသော စကားသည် ပြင်းထန်စွာ ထိခိုက်နာကျင်စေပြီး သတ်တတ်၏။ ကြင်နာသောစကားသည် လမ်းခရီးကို ချောမွေ့စေတတ်သည်။ ရွှင်လန်းသော စကားတစ်ခွန်းသည် အသက်တာကို ပေါ့ပါးစေတတ်သည်။ အချိန်တန်မှ ပြောသောစကားသည် ဝန်ကိုပေါ့ပါး စေနိုင်သည်။ မေတ္တာနှင့်ပြောသော စကားသည် ဝေဒနာကို ကင်းပျောက်စေပြီး ကောင်းကြီးမင်္ဂလာကို ဖြစ်စေသည်။
သန့်ရှင်းဖြူစင်ခြင်းသည် မည်မျှအရေးကြီးပါသနည်း
၉။ စိတ်နှလုံး ဖြူစင်သော သူကို ဘုရားသခင် ဘာကတိပေးထားသနည်း။
(၁) ဆာလံ ၂၄း၃-၅ ________________
______________________________
(၂) မဿဲ ၅း၈ ____________________
______________________________
၁၀။ သန့်ရှင်းစင်ကြယ်သော အသက်တာအတွက် ဘုရားသခင်၏ သတ်မှတ်ချက်ကား အဘယ်နည်း။ (၁ ပေ ၁း၁၄-၁၅) အကောင်းဆုံးအဖြေကို မျဉ်းသားပါ။
(၁) ယနေ့ လူ့အဖွဲ့အစည်း၏ သတ်မှတ်ချက်ထက် သာလွန်အောင် အသက်ရှင်ပါ။
(၂) အခြား ခရစ်ယာန်များ၏ စံနမူနာနှင့် ပုံသက်သေကို အတုယူပါ။
(၃) အသက်တာ ကဏ္ဍတိုင်းတွင် ခရစ်တော်ကဲ့သို့ သန့်ရှင်းစင်ကြယ်စွာ အသက်ရှင်ပါ။
(၄) ကိုယ့်အကျင့် စာရိတ္တကို တန်ဖိုးမထားတတ်သည့် အဖြေမျိုးသို့ မရောက်ရန် သတိပြုပါ။
၁၁။ ညစ်ညူးခြင်းနှင့် ပတ်သက်ပြီး ခရစ်တော်၏ သတ်မှတ်ချက်ကား အဘယ်နည်း။
မဿဲ ၅း၂၇-၂၈ __________________
______________________________
စဉ်းစားသည့်အတိုင်း ပြုမူဆောင်ရွက်တတ်၏၊ ပြုမူဆောင်ရွက်ဖန်များလျှင် အကျင့်ဖြစ်လာသည်။ အကျင့်သည် ကြာရှည်လာလျှင် စာရိတ္တဖြစ်လာ၏
၁၂။ မကောင်းသော စိတ်ဆန္ဒများသည် ဘယ်ကလာသနည်း။
(၁) မာကု ၇း၂၁-၂၃ _________________
(၂) ဂလာတိ ၅း၁၉ __________________