ခရစ်ယာန်အသက်ရှင်မှုကို
လေ့လာခြင်း
Christian Living
သင်ခန်းစာပေါင်းချုပ် ၇
သင်ခန်းစာ (၃)
သင့်ရန်သူကိုသိပါ
ဘုရားသခင်၏ နှုတ်ထွက်စကားတော် အပေါ်တွင် ယုံမှားသံသယဖြစ်စေခြင်း၊ ဘုရားသခင်၏ သားတော်အပေါ်တွင် ယုံကြည်မှု မရှိအောင် ပြုလုပ်ခြင်းတို့မှာ စာတန် (Satan) ၏ အဆက်မပြတ်သော လုပ်ငန်းဖြစ်ပါသည်။
၁၄။ ဧဖက်ဩဝါဒစာ ၆း၁-၁၂ တွင် စာတန် (Satan) အကြောင်းကို မည်သို့ဖော်ပြထားသနည်း။ (အဖြေမှန်များကို မျဉ်းသားပါ)
(၁) ကောက်ကျစ်စဉ်းလဲသည်။
(၂) တန်ခိုးကြီးသော်လည်း လူကဲ့သို့ပင် ပုံသဏ္ဌာန်ရှိ၏။
(၃) ခိုင်မာသောဆုံးဖြတ်ချက်၊ ခိုင်မာသောစိတ်ဓါတ်ဖြင့် သူ၏ရန်ကို ကြံ့ကြံ့ခံနိုင်သည်။
(၄) လူသားများထက်သာလွန်သော ဝိညာဉ်တန်ခိုးရှိသည်။
(၅) သူ့အား ကူညီသောအခြား မှောင်မိုက်တန်ခိုးများလည်း ရှိသည်။
(၆) ဘုရားသခင်၏ လက်နက်စုံနှင့် ဘုရားသခင်၏ ခွန်အားအားဖြင့် သူ့ကို တိုက်ဖျက်တွန်းလှန်နိုင်သည်။
၁၅။ ရှင်ယောဟန်ဩဝါဒစာ ပဌမစောင်၂း၁၆ အရ စာတန်သည် မည်သည့်အပိုင်းကဏ္ဍ သုံးခုကို အဓိကထား၍ စုံစမ်းသွေးဆောင်သနည်း။
______________________________
______________________________
______________________________
ကမ္ဘာဦးကျမ်း ၃း၆ နှင့် ရှင်မဿဲခရစ်ဝင် ၄း၁-၁၁ ၌ ဧဝ (Eve) နှင့် ခရစ်တော်တို့အား စာတန် (Satan) စုံစမ်းသွေးဆောင်ရာတွင် အထက်ပါ ကဏ္ဍသုံးခုမှနေပြီး စုံစမ်းသွေးဆောင် ကြောင်းတွေ့ပါသလား။
လူအများသည် စာတန် (Satan) နှင့်အတူ ခရီးနှစ်မိုင်သွားရန် မရည်ရွယ်သော်လည်း တစ်မိုင်မျှ သွားမိရုံဖြင့် သူနှင့်ခွဲခွာရန် ခဲယဉ်းပြီ
ဝိလျံ ဂါနယ်(လ်) (William Gurnall)