« « မာတိကာ Table of Contents
 

ဧဝံဂေလိလမ်းညွှန်
Evangelism Guide II

 

၂။ သတင်းကောင်း

  • (က) ကျေးဇူးတော်
  • (၁) ထာဝရအသက်ဆိုတာ အဖိုးအခပေးဖို့ မလိုဘဲ ပေးသနားတော်မူတဲ့ ဘုရားသခင်ရဲ့ လက်ဆောင်ဖြစ်ပါတယ်။
  • (၂) (ဒါ့ကြောင့်) ထာဝရအသက်ကို ငွေကြေးအားဖြင့်၊ ကုသိုလ်ကောင်းမှု အားဖြင့်၊ ထိုက်တန်လို့ ရတဲ့အရာ မဟုတ်ပါ။
  • * ဧဖက် ၂း၈-၉
  • * နေရောင်ခြည်၊ လေ၊ ရေ သာဓက
  • » အကူးအပြောင်း – ဒါဆို ဘုရားသခင်က ထာဝရအသက်ကို ဘာကြောင့် လက်ဆောင် အဖြစ်နဲ့ ပေးသနားရတာလဲ။ ဒါကိုတော့ သမ္မကျမ်းစာက လူသားတွေနဲ့ ပတ်သက်ပြီး ဖော်ပြထားတာကို ကောင်းစွာ နားလည်တဲ့အခါ အနည်းငယ် ပိုပြီး ရှင်းလင်းသွားမှာ ဖြစ်တယ်။
  • (ခ) လူသား
  • (၁) လူဟာ အပြစ်သားပါ။
  • (၂) (ဒါကြောင့်) အပြစ်သားက သူ့ ကိုသူ ကယ်တင်လို့ မရပါ။
  • *ရောမ ၃း၂၃
  • * အပြစ်ရဲ့ အဓိပ္ပါယ် ဖွင့်ဆိုချက်နဲ့ တစ်နေ့ သုံးကြိမ် ပြစ်မှားခြင်း သာဓက
  • » အကူးအပြောင်း – ဒါဆို ဒီလိုအပြစ်သားက ဘယ်လိုလုပ်ပြီး ထာဝရအသက်ကို လက်ဆောင်အဖြစ် ရရှိ နိုင်ရတာလဲ။ ဒါကိုတော့ သမ္မာကျမ်းစာက ဘုရားသခင်နဲ့ ပတ်သက်ပြီး ဖော်ပြထားတာကို နားလည်တဲ့ အခါ ပိုပြီး ရှင်းလင်းသွား ပါလိမ့်မယ်။
  • (ဂ) ဘုရားသခင်
  • (၁) ဘုရားသခင်သည် သနားခြင်း ဂရုနှင့်ပြည့်စုံလို့ ကျွန်ုပ်တို့ကို အပြစ်ပေးဖို့ အလိုမရှိပါဘူး။
  • (၂) (ဒါပေမဲ့) ဘုရားသခင်က ဖြောင့်မတ်တော်မူတဲ့ အတွက်ကြောင့် သေချာပေါက် အပြစ်ကို စီရင်ရမှာ ဖြစ်ပါတယ်။
  • * ရှင်ယောဟန် ခရစ်ဝင် ၄း၈၊ ထွက်မြောက်ရာ ၃၄း၇
  • * ဂါ(ရ်) ရှား သာဓက
  • » အကူးအပြောင်း – သနားခြင်း ဂရုဏာရှင် ဖြစ်တော်မူ သည်သာမက ဖြောင့်မတ်တော် မူသော ဘုရားသခင်သည် ကျွန်ုပ်တို့၏ အပြစ်တွေကို ယေရှ ခရစ်တော်အားဖြင့် တစ်ကြိမ်ထဲတွင် ဆေးကြောခဲ့ပါတယ်။
  • (ဃ) ယေရှု ခရစ်တော်
  • ၁။ ယေရှုခရစ်တော်သည် ဘုရားသားတော် ဖြစ်တော်မူ သည်သာမက လူ့ဇာတိခံ – လူသားလည်း ဖြစ်တော်မူတယ်။
  • ၂။ ယေရှုခရစ်တော်သည် ကျွန်ုပ်တို့ ထာဝရ အသက်ကို လက်ဆောင်အဖြစ် ပေးဖို့ ကားတိုင်တော် ထက်မှာ အသေခံတော် မူခဲ့ပြီး ကျွန်ုပ်တို့ရဲ့ အပြစ်ကြွေးတွေကို ကိုယ်တိုင်ပေးဆပ်ခဲ့ ပြီး ပြန်လည်ရှင်ပြန် ထမြောက်တော် မူခဲ့ပါတယ်။
  • * ဟေရှာယ ၅၃း၆
  • * အပြစ်မှတ်တမ်း စာအုပ် သာဓက
  • » အကူးအပြောင်း – ဒီ ထာဝရ အသက်ရဲ့ လက်ဆောင်ကို ယေရှုခရစ်တော် တစ်ပါးတည်း အားဖြင့်သာ ယုံကြည်ခြင်းဖြင့် လက်ခံရရှိ နိုင်ပါတယ်။ (ဒါပေမဲ့ အမှန်တကယ် အရေးကြီးတဲ့ အရာကတော့…)
  • (င) ယုံကြည်ခြင်း
  • ၁။ လူ့ ဦး ဏှောက်၊ အသိတရားနဲ့ မျှ သိခြင်း၊ ယာယီခဏ ယုံကြည်ခြင်း နဲ့တော့ ကယ်တင်ခြင်း ရရှိနိုင်တဲ့ ယုံကြည်ခြင်းမျိုး မဟုတ်ပါ။
  • ၂။ ကယ်တင်ခြင်း ရနိုင်တဲ့ တစ်ခုတည်းသော ယုံကြည်ခြင်း ကတော့ ငါတို့ အတွက် ယေရှုခရစ်တော် တပါးတည်း ကိုသာလျှင် ယုံကြည်ကိုးစား ခြင်းဘဲ ဖြစ်ပါတယ်။
  • * တမန်တော် ၁၆း၃၁
  • * ကုလားထိုင်၏ သာဓကာ
  • » အကူးအပြောင်း – (မိတ်ဆွေ) အနေနဲ့ ထာဝရအသက်ကို လက်ဆောင်အဖြစ် ရရှိပြီး ကောင်းကင်နိုင်ငံသို့ ဝင်ရောက်နိုင်ဖို့ ဆိုရင် ကောင်းမှု ကုသိုလ်ကို အမှီပြုခြင်းမှ ယေရှုခရစ်တော် တစ်ပါးတည်းအား ယုံကြည်ကိုးစားခြင်းသို့ ပြောင်းလဲရမှာ ဖြစ်ပါတယ်။

 
Continue… » »

 

~ * Under Construction! * ~


အသင်းတော်အတွင်းကန့်သတ်ထုတ်ဝေသည်။

Copyright © Myanmar Christian Resources Ministry. All rights reserved.
All copyrights belong to their respective owners.