ဧဝံဂေလိ အစအဆုံး ဝေငှခြင်း အမှတ် ၁၀
၁။ မိတ်သဟာရ ဖွဲ့ခြင်း
(ကျွန်ုပ်တို့ အသင်းတော်တွင် လူသစ်များ လာရောက် ဝတ်ပြုသော အခြေအနေတွင်)
- (က) သူတို့၏ လောကီဘဝ
-  ဝေငှသူ – (ဒင်းဒေါင်၊ တံခါး ဘဲလ်နှိပ်လျှက်) လူရှိပါသလား။
 ဝေငှခံရသူ – ဘယ်သူပါလဲ။
-  ဝေငှသူ – မင်္ဂလာပါ။ ဖုန်းထဲကနေ တွေ့ဖို့ ချိန်းထားတဲ့ _______ ဘုရားကျောင်း ______ အသင်းသားပါ ခင်ဗျာ။
 ဝေငှခံရသူ – စောင့်နေတာ။ လာ အထဲဝင်လာ။
-  ဝေငှသူ – ကျေးဇူးတင်ပါတယ်။
 ဝေငှခံရသူ – ဒီမှာထိုင်ပါရှင့်/ခင်ဗျာ။
-  ဝေငှသူ – အရင်ထိုင်ပါ ကျွန်တော်တို့လည်း ထိုင်ပါမယ်။ အလုပ်များနေမယ် ထင်တယ် အချိန်ပေးလို့ ကျေးဇူးတင်ပါတယ်။
 ကျွန်တော်တို့ အဖ သင်းအုပ်ဆရာက သေချာပေါက် လာတွေ့ပြီး မိတ်သဟာရဖွဲ့ ပါဆိုလို့ အခုလို လာရောက်တွေ့ဆုံ ရခြင်းပါ။
 ဒီပုပ္ဂိုလ်ကတော့ _____ သင်တန်သား ဖြစ်ပြီး ဒီပုဂ္ဂိုလ်ကတော့ _____ သင်တန်းသားဘဲ ဖြစ်ပါတယ်။ ဘယ်ကတည်းက ဒီမှာနေသလဲ။
 ဝေငှခံရသူ – လွန်ခဲ့တဲ့ ၅နှစ်လောက် ကတည်းက ပြောင်းလာခဲ့ တာပါ။
-  ဝေငှသူ – သြော်… ဟုတ်လား။ အိမ်က အရမ်း လင်းလင်းထင်းထင်း ရှိပြီး လှလှလေး လုပ်ထားတာဘဲ နော်၊ လက်ယာ အရမ်း ကောင်းတယ်  နော်။
 ဝေငှခံရသူ – မဟုတ်တာပါ။ အရမ်းအမွန်းတင် လွန်းပါတယ်။
- * (မိတ်ဆွေဖွဲ့ခြင်း အခန်းမှာ မိတ်ဆက်ခဲ့သလို စူးစမ်းစပ်စုခြင်း၊ မေးခွန်းမေးခြင်း၊ စိတ်ပါ ဝင်စားစွာ နားထောင်ပေးခြင်း၊ ချီးမွမ်းပြောဆိုခြင်းဖြင့် အသက်ရှင်မှု ပုံစံနဲ့ ပတ်သက်ပြီး အလပ သလဘ စကားပြောဆို ကြပါမယ်။ သွားရည်စာ များဖြင့် ဧည့်ခံတဲ့အခါ ဆိုရင်တော့ ကျေးဇူးတင်တဲ့ စိတ်နဲ့ သုံးဆောင်ပြီး စကားစမြည် ပြောဆိုကြပါ။)
- (ခ) သူတို့၏ ဘာသာရေး နောက်ခံ
-  ဝေငှသူ – ဘယ်အချိန်က စပြီး ခရစ်ယာန် 
 ဝေငှခံရသူ –သူငယ်ချင်းရဲ့ ဖိတ်ကြားမှုကြောင့် ဒီနှစ်ကစပြီး ဘုရားကျောင်း သွားဖြစ်ခဲ့ ပါတယ်။
-  ဝေငှသူ – သြော် … အဲသလိုကိုး။ ကျွန်တော့် အကြောင်း အနည်းငယ်ပြောပြလို့ ရမလား၊
 ဝေငှခံရသူ – ဟုတ်ကဲ့ ပြောပါ။

 
								
								
															 
								
								
															 
								
								
															 
								
								
															 
								
								
															 
								
								
															