« « မာတိကာ Table of Contents

ခရစ်ယာန်အသက်ရှင်မှုကို
လေ့လာခြင်း
Christian Living

သင်ခန်းစာပေါင်းချုပ် ၈

သင်ခန်းစာ (၄)

ဘုရားသခင်၏အလိုတော်နှင့်ညီသော ပေးကမ်းလှူဒါန်းခြင်း

ဘဏ္ဍာစိုးကောင်းဖြစ်ခြင်း

ဘဏ္ဍာစိုးဆိုတာ တစ်ဦးဦးရဲ့ ဥစ္စာပစ္စည်းကို ထိန်းသိမ်းပေးရခြင်းဖြစ်တယ်။ ခရစ်ယာန်ဟာ မိမိအသက်နဲ့ စည်းစိမ်ဥစ္စာကို ထိန်းသိမ်းရတယ်။ အကြောင်းကတော့ ၂ ခု စလုံးကို ဘုရားသခင် ပိုင်လို့ဖြစ်တယ်။

၈။ ဘယ်နေရာမှာ ဘုရားသခင်က ကျွန်ုပ်တို့ကို သစ္စာရှိတဲ့ ဘဏ္ဍာစိုး ဖြစ်စေချင်သလဲ။

(၁) ၁ ကော ၆း၁၉-၂၀ ______________

(၂) ဧဖက် ၅း၁၅-၁၆ ________________

(၃) ၁ ပေ ၄း၁၀ ___________________

(၄) ၁ သက်၂း၎ ___________________

(၅) ၅ ရာ ၂၉း၁၂-၁၄ _______________

၉။ ရှင်မဿဲခရစ်ဝင် ၂၅း၁၄-၃၀ ကို စဉ်းစားဆင်ခြင်ပြီး အဖြေမှန်ကို မျဉ်းတားပါ။

(၁) ငယ်သားတစ်ယောက်စီကို တာဝန်အညီအမျှ ခွဲဝေပြီး တစ်ယောက်စီထံမှ အကျိုးရလဒ် အညီအမျှရဘို့ ဘုရားသခင် မျှော်လင့်တယ်။

(၂) ငယ်သားတစ်ယောက်စီကို တာဝန်အညီအမျှခွဲဝေပြီး တချို့ထံမှ အကျိုးအမြတ်ပိုရဘို့ ဘုရာသခင် မျှော်လင့်တယ်။

(၃) ငယ်သားတစ်ယောက်စီကို အစွမ်းသတ္တိ ရှိသည့်အတိုင်း တာဝန်တမျိုးစီပေးပြီး တစ်ယောက်စီထံမှ ပေးအပ်ထားတဲ့ တာဝန်ရဲ့ အချိုးအတိုင်း အကျိုးအမြတ်ကို ပြန်လည်ရရှိဘို့ ဘုရားသခင်မျှော်လင့်တယ်။

၁၀။ ကျွန်ုပ်တို့ဟာ ဘုရားသခင်ရဲ့ ဘဏ္ဍာစိုးဖြစ်တဲ့အတွက် တစ်နေ့ကျရင် ___________________ ဆိုတာကို သတိပြုပါ။ (ရော ၁၄း၁၂)


Back to Top ▲

အသင်းတော်အတွင်းကန့်သတ်ထုတ်ဝေသည်။

Copyright © Myanmar Christian Resources Ministry. All rights reserved.
All copyrights belong to their respective owners.