ခရစ်ယာန်အသက်ရှင်မှုကို
လေ့လာခြင်း
Christian Living
သင်ခန်းစာပေါင်းချုပ် ၉
သင်ခန်းစာ (၃)
သက်သာလောနိတ်သြဝါဒစာ ပထမစောင်
အခန်းကြီး (၂)
ပဏာမလေ့လာခြင်း
သက်သာလောနိတ် သြဝါဒစာ ပထမစောင် အခန်းကြီး (၁) တွင် ပါဝင်သော အကြောင်းအရာများကို မှတ်မိပါသလား။ သင့်စကားပြေကို ပြန်လည်ဖတ်ရှုပါ။ အခန်းကြီး (၁) မှ အစပျိုးထားသော အကြောင်းအရာသည် အခန်းကြီး (၂) အစပိုင်းသို့ ကူးလာသည်ကို သတိပြုပါ။ ၎င်းတို့မှာ ပေါလု (Paul) အမှုတော်ဆောင်ခြင်း အကြောင်းနှင့် အကျိုးရလာဒ်များ ဖြစ်သည်။ (ဓမ္မသစ်ကျမ်း (New Testament) ၏ မူရင်းစာမူ၌ အခန်းကြီး အခန်းငယ် မခွဲထားပါ။ ကိုးကားရည်ညွန်း (References) ရာတွင် လွယ်ကူရန်အတွက် နောက်ပိုင်းမှ ဤသို့ အခန်းခွဲထားခြင်း ဖြစ်သည်။
အခြားဘာသာစကားဖြင့် ရေးသောကျမ်းစာကို တစ်ကြိမ် (သို့) နှစ်ကြိမ်ဖတ်ခြင်း အပါအဝင် ဤသက်သာလောနိတ် သြဝါဒစာ ပထမစောင် အခန်းကြီး (၂) ကို နှစ်ကြိမ်မှလေးကြိမ်အထိ ဖတ်ပါ။
ဤအခန်းကြီးကို ဖတ်သောအကြိမ်ပေါင်းကို ရေးပါ။ _______ ကြိမ်
အဓိပ္ဗါယ်ဖွင့်ဆိုချက်များ
၁ သက် ၂း၁ | အထဲသို့ဝင်ခြင်း | လာရောက်လည်ပတ်ခြင်း |
၁ သက် ၂း၃ | မှားယွင်းခြင်း | လိမ်လည်လှည့်ဖြားခြင်း |
၁ သက် ၂း၎ | စောင့်ထိုက်သောသူ | ထိန်းသိမ်းစောင့်ရှောက်ရန် တာဝန်ရှိသူ |
လူကိုနှစ်သက်စေသည် | လူ့အကြိုက် | |
၁ သက် ၂း၆ | လေးသောဝန်ကိုတင်ပိုင်သည် | တာဝန်ပေးပိုင်သည် |
၁ သက် ၂း၁၄ | ယုဒပြည် (Judah) | သင်ခန်းစာ (၁) ရှိ မြေပုံကိုကြည့်ပါ |
ဤအခန်းကဘာပြောသနည်း
အခန်းငယ် တစ်ခုခြင်းကို စကားပြေရေးရန် သင်ယူစဉ်တွင် မည်သို့စာပိုဒ်ခွဲမည်ကို အထောက်အကူ ဖြစ်ပေလိမ့်မည်။ စာပိုဒ်ခွဲရန် လေ့လာခြင်းအားဖြင့် မည်သို့ အခန်းကြီး တစ်ခုလုံးကို အကျဉ်းခြုံးရမည် (သို့) ကောက်နှုတ်ချက် ရေးရမည် ကို သိလာပေမည်။
စာအုပ်အမှတ် (၈) တွင် အကျဉ်းခြုံးနည်းကို လေ့လာရပါမည်။