ဧဝံဂေလိ အစအဆုံး ဝေငှခြင်း အမှတ် ၁၀
၎။ ချက်ခြင်း လုပ်ဆောင်ရမည့် နောက်ဆက်တွဲ လုပ်ငန်းများ
-
ဝေငှသူ – ယနေ့ မိတ်ဆွေ ယေရှုခရစ်တော်ကို ယုံကြည်လို့ ထာဝရအသက် ရကာ ဘုရားသခင်ရဲ့ သား/သမီး ဖြစ်လာခြင်းကို ဂုဏ်ပြုချီးကျူး ပါတယ်။
(အတူတူ လက်ခုပ်တီး)
ဝေငှခံရသူ – ကျေးဇူးတင်ပါတယ် ဒီနေ့ဟာ ကျွန်တော်အတွက် အလွန်ထူးခြား ကောင်းမွန်တဲ့ နေ့လေး ဖြစ်ပါတယ်။
(က) ဂုဏ်ပြုချီးမွမ်းခြင်း
(ခ) အတူတူ ကြီးထွားကြမယ်
- ၁။ စာအုပ်အား မိတ်ဆက်ပေးခြင်း
- ဝေငှသူ – ဒါကတော့ မိတ်ဆွေကို ပေးဖို့ ပြင်ဆင်လာတဲ့ စာအုပ်လေးဘဲ ဖြစ်ပါတယ်။ ဒီထဲမှာ ကျွန်ုပ်တော် ခုဏက ပြောပြတဲ့ အကြောင်းအရာတွေ လိုတိုရှင်းလင်းစွာ ရေးသားထားပြီး မိတ်ဆွေရဲ့ ယုံကြည်ခြင်း ခိုင်မြဲဖို့ အထောက်အကူ ဖြစ်စေမှာ ဖြစ်ပါတယ်။
ဝေငှခံရသူ –ဩော် ဟုတ်လား။ - ၂။ ကျွန်ုပ်၏ သံဓိဌာန်
- ဝေငှသူ – ဒီမှာ “ကျွန်ုပ်၏ သံဓိဌာန်” ကို ဖတ်ပေးလို့ ရမလား။
ဝေငှခံရသူ – ဟုတ်၊ ကျွန်ုပ်သည် ယနေ့ အချိန်ထိ မိမိကိုယ်ကို ကိုးစာ၍ အသက်ရှင်လာတဲ့ အပြစ်သား ဖြစ်ပါသည်။ ဒါပေမဲ့ ကျွန်ုပ်သည် ယနေ့ ယေရှု ခရစ်တော်ကို ကျွန်ုပ်၏ ကယ်တင် ပိုင်ရှင်အဖြစ် လက်ခံပါ၏။ ကျွန်ုပ်သည် ယခု ကျွန်ုပ်၏ ထာဝရ အသက် အတွက် ယေရှုခရစ်တော် တစ်ပါတည်းသာလျှင် ယုံကြည်လျက် ကိုစားပါမည်။
ယေရှုခရစ်တော်သည် ကျွန်ုပ်၏ အပြစ်ကို ခွင့်လွှတ်တော် မူပြီး မကောင်းသော အပြစ်များမှ ကျွန်ုပ်ကို ကယ်တင်တော်မူပြီး ထာဝရအသက် ပေးသနားတော် မူသောကြောင့် ကျေးဇူးတင်ပါ၏။ ယခုမှစ၍ သခင်သည် ကျွန်ုပ်ကို အုပ်စိုးစေဖို့ရန် ကျွန်ုပ်ရဲ့ အသက်တာ ကိုယ်တော်ထံ အပ်နှံပါ၏။ ယခု အချိန်မှ စပြီး ကိုယ်တော်က ပေးတော်မူသော ခွန်အား အတိုင်း ကျွန်ုပ်ရဲ့ အသက်တာ လုံးစုံဖြင့် ကိုယ်တော့ကို အစေခံလျက် ကိုယ်တော်၌ သစ္စာရှိနိုင်အောင် ကြိုးစားအားထုတ် ပါမည်။- ဝေငှသူ – ကျေးဇူးတင်ပါတယ်။ ဒါကတော့ ဒီနေ့ မိတ်ဆွေရဲ့ သံဓိဌာန် ဟုတ်ပါသလား။
ဝေငှခံရသူ – ဟုတ်ကဲ့။- ဝေငှသူ – ဒီမှာ ဒီနေ့ နေ့စွဲ ရေးပြီး မိတ်ဆွေ ကိုယ်တိုင် လက်မှတ်ထိုးပေး နိုင်မလား။
ဝေငှခံရသူ – ဟုတ်။ ထိုးပါ့မယ်။- ဝေငှသူ – ကျွန်ုပ်လည်း သက်သေအဖြစ် လက်မှတ်ထိုးပါ့မယ်။ ပြီးတော့ ဖုန်းနံပါတ်လည်း ရေးပေးခဲ့ ပါမယ်။ ဝိညာဉ်ရေးရာ အကူအညီ လိုအပ်တိုင်း အချိန်မရွေး ဖုန်းခေါ်နိုင်ပါတယ်။
(မရင်းနှီးသူ ဆိုလျှင် ဘုရားကျောင်း ဖုန်းနံပါတ်အား ပေးရန်) - ဝေငှသူ – ကျေးဇူးတင်ပါတယ်။ ဒါကတော့ ဒီနေ့ မိတ်ဆွေရဲ့ သံဓိဌာန် ဟုတ်ပါသလား။