« « မာတိကာ Table of Contents
 

ဧဝံဂေလိလမ်းညွှန်
Evangelism Guide II

 

ဧဝံဂေလိ အစအဆုံး ဝေငှခြင်း အမှတ် ၁၀

၎။ ချက်ခြင်း လုပ်ဆောင်ရမည့် နောက်ဆက်တွဲ လုပ်ငန်းများ

(ဂ) ဝိညာဉ်ရေး ကြီးထားခြင်း၏ နည်းလမ်း (၅) ရပ်

(အောက်ပါ အကြောင်းအရာကို အချိန်ရှိတဲ့ အတိုင်း အလိုက်သင့် အသုံးပြုရန်။)

ဝေငှသူ – မိတ်ဆွေ ကလေးက မွေးလာလျှင် ကောင်းကောင်းကြီး ထားမှ မိဘတွေက ဝမ်းသာ သလို မိတ်ဆွေလည်း ဝိညာဉ်ရေး အရ အသစ်မွေးဖွား လာတဲ့ အသက် တစ်ခု ဖြစ်လို့ ဘုရားသခင်က မိတ်ဆွေကို ယုံကြည်ခြင်းမှာ ကောင်းစွာ ကြီးထွားဖို့ အလိုတော် ရှိတယ်။ ဒီမှာ ယုံကြည်ခြင်း ကောင်းစွာ ကြီးထွားဖို့ အကူညီ ဖြစ်စေမယ့် ဝိညာဉ်ရေး ကြီးထားခြင်း နည်းလမ်း (၅) ရပ် ရေးထားတာလေး အတူတူ ကြည့်ရအောင်လား။
ဝေငှခံရသူ – ဟုတ်။ ကောင်းပါပြီ။
၁။ သမ္မာကျမ်းစာ
ဝေငှသူ – ဒီမှာ စာလုံး အမဲရောင်နဲ့ ရေးထားတဲ့ စာကို ဖတ်ပေးပါ့မယ်။
နံပါတ်တစ် – သမ္မာကျမ်းစာ (လက်ချောင်းနဲ့ ဆွဲရင်း)
ဝေငှခံရသူ – ရှင်ယောဟန် ခရစ်ဝင် ကျမ်းကို တစ်ရက်ကို တစ်ခန်းစီ ဖတ်ပေးပါ။
ဝေငှသူ – သမ္မာကျမ်းစာဟာ ဝိညာဉ်အစာ ဖြစ်ပါတယ်။
 
ကျွန်ုပ်တို့က ထမင်းကို ကောင်းကောင်းစားမှ ကျန်းမာသလို ဘုရားသခင်ရဲ့ နှုတ်ကပတ်တော်ကို ဖတ်မှ ကျွန်ုပ်တို့ရဲ့ ဝိညာဉ်ရေးရာလည်း ကျန်းမာနိုင်မှာ ဖြစ်ပါတယ်။ ကျွန်တော်က ရှင်ယောဟန် ခရစ်ဝင်ကျမ်းကို တစ်အုပ်စီ ပေးသွားမှာ ဖြစ်ပါတယ်။ တစ်ရက်ကို တစ်ခန်းစီ ဖတ်ကြည့်ပါ။ အဆင်ပြေမယ် ဆိုရင် ကျွန်ုပ်တော်က တစ်ပတ်ပြီးရင် နောက်ထပ် တွေ့ချင်ပါသေးတယ်။ (အိမ်မှာ မဟုတ်ဘဲ ကော်ဖီ ဆိုင်လိုမျိုး နေရာမှာ တွေ့ဖို့ ချိန်းလို့ ရပါတယ်) အဲဒီ အချိန်ကျရင် သိချင်တာ ရှိရင် ပြောပြပေးပါ့မယ်။
ဝေငှခံရသူ – ဟုတ်ကဲ့။ အဲလိုလုပ် ပေးပါ။
၂။ ဆုတောင်းခြင်း
ဝေငှသူ – ဒုတိယအချက် ဆုတောင်းခြင်း (လက်ချောင်းနဲ့ ရေးပြရင်း)
ဝေငှခံရသူ – နေ့စဉ် ဆုတောင်းချိန်ကို သတ်မှတ်ထားပြီး ဘုရားသခင်နဲ့ ဆက်သွယ် အချိန်ယူပါ။
ဝေငှသူ – ဆုတောင်းခြင်းဆိုတာ ဝိညာဉ်ရဲ့ အသက်ဘဲ ဖြစ်ပါတယ်။ ဘုရားသားသမီး တွေဟာ ဆုတောင်းခြင်းမှ တစ်ဆင့် ဘုရားနှင့် ဆက်သွယ်နိုင် ပါတယ်။ ဒီလိုမျိုး ဆုတောင်းခြင်းကို လွယ်ကူစွာ သင်ယူနိုင်ပါတယ်။ ကျွန်တော်နှင့် အတူ လက်အုပ်ချီ ပေးပါ။
မထမ လက်ချောင်း – အဘ ဘုရားသခင်
ပထမဦးဆုံး ဆုတောင်းတဲ့အခါ အရေးအကြီးဆုံး အချက်ကတော့ ဆုတောင်းခြင်းရဲ့ ဦးတည်ပစ်မှတ်ဘဲ ဖြစ်ပါတယ်။ ခုချိန်မှာ ဘုရားသခင်ဟာ မိတ်ဆွေရဲ့ ဝိညာဉ်ဖခင် ဖြစ်သွားပါတယ်။ ခုချိန်မှာ ဘုရားသခင်ဟာ မိတ်ဆွေရဲ့ ဝိညာဉ်ဖခင် ဖြစ်သွားပါပြီ။ အဲဒါကြောင့် အရင် “အဘ ဘုရားသခင်” လို့ ခေါ်ခြင်း ဖြစ်ပါတယ်။
ဒုတိယ လက်ချောင်း – ကျေးဇူးတင်ပါတယ်။
ဘုရားသခင်ဟာ ကျေးဇူးတင်တဲ့ စိတ်ကို နှစ်သက်ပါတယ်။ ထာဝရအသက်ကို ပေးခြင်းအတွက် ကျေးဇူးတင်ပြီး ကျမ်းမာခြင်း ပေးသည့်အတွက်လည်း ကျေးဇူးတင်ပြီး ကျေးဇူးတင်စရာ တွေအတွက် ကျေးဇူး တင်ရင် ရပါပြီ။
တတိယ လက်ချောင်း – အပြစ်လွှတ်ပေးပါ
ဘုရားသခင်ဟာ ကျွန်ုပ်တို့ရဲ့ အမှားတွေကို ဝန်ချဖို့ အလိုရှိပါတယ်။ ပြုလုပ်ခဲ့တဲ့ အမှားတွေနှင့် အပြစ်တွေကို ခွင့်လွှတ်ပေးဖို့ ဘုရားသခင်ထံ တောင်းလျှောက်ပါ။
စတုတ္တ လက်ချောင်း – ကူညီမစတော် မူပါ။
ဘုရားသခင်ဟာ ကျွန်ုပ်တို့ကို ကူညီပေးဖို့ အလိုရှိပါတယ်။ ကျွန်ုပ်တို့ရဲ့ အားနည်းတဲ့ ဘဝမှာ ဘုရား သခင် အကူအညီ မပါဘဲ အသက်မရှင်နိုင် ပါဘူး။ လိုအပ်ချက်များကို တောင်းလျှောက်ရင် ဘုရားသခင်က ကူညီပေးမှာ ဖြစ်ပါတယ်။
ပဉ္စမ လက်ချောင်း – ယေရှုနာမ၌ ဆုတောင်းပါ၏။ အာမယ်။
ယေရှုနာမ၌ ဆုတောင်းလျှင် နားညောင်းတော်မူ မည်လို့ ကတိတော် ရှိပါတယ်။ အာမင် ကတော့ “သဘောတူသည်” “ဆုတောင်းသည့် အတိုင်း ပြည့်စုံစေဖို့ အလိုရှိပါသည်” လို့ အဓိပ္ပါယ် ရပါတယ်။ မိတ်ဆွေလည်း ဒီလိုမျိုး ဆုတောင်း နိုင်မလား၊
ဝေငှခံရသူ – ဟုတ်ကဲ့။
ဝေငှသူ – နောက်တစ်ခါလောက် လုပ်ကြည့်မလား။ (လက်ချောင်းလေး တွေကို ချိုးပြီး အတူတကွ ပြန်လုပ်ရန်)
အဘ ဘုရားသခင်
ကျေးဇူးတင် ပါတယ်
အပြစ်လွှတ် ပေးပါ
ကူညီမစတော် မူပါ
ယေရှုနာမ၌ ဆုတောင်းပါ၏။
အာမင်
ဝေငှခံရသူ – အဘ ဘုရားသခင်
ကျေးဇူးတင် ပါတယ်
အပြစ်လွှတ် ပေးပါ
ကူညီမစတော် မူပါ
ယေရှုနာမ၌ ဆုတောင်း ပါ၏
အာမင်
ဝေငှသူ – အရမ်းတော်ပါတယ်။
ဝေငှခံရသူ – ကျေဇူးတင်ပါတယ်။

 


အသင်းတော်အတွင်းကန့်သတ်ထုတ်ဝေသည်။

Copyright © Myanmar Christian Resources Ministry. All rights reserved.
All copyrights belong to their respective owners.