« « မာတိကာ Table of Contents

ခရစ်ယာန်အသက်ရှင်မှုကို
လေ့လာခြင်း
Christian Living

သင်ခန်းစာပေါင်းချုပ် ၉

သင်ခန်းစာ (၅)

သက်သာလောနိတ်သြဝါဒစာ ပထမစောင်

အခန်းကြီး (၄)

ပဏာမလေ့လာခြင်း

ဤအခန်းကို ရေးသားရန် ပေါလုသည် ဤစာစောင်၏ အစပိုင်း ကတည်းက နိဒါန်းပျိုး ပြင်ဆင်ထားပြီး ဖြစ်သည်။ သက်သာလောနိတ်မြို့မှ ခရစ်ယာန်များနှင့် သူ တွေ့ကြုံ ဆက်ဆံခဲ့ ပုံကို ပေါလုမည်သို့ ဆိုထားကြောင်း သင်သတိ ရပါသလား။ ခရစ်တော် အပေါ်တွင် သစ္စာရှိမှုကြောင့် သူတို့၏ ဂုဏ်သတင်း ကျော်ကြားသည်ကို သင်မှတ်မိ ပါသလား။ ပြီးခဲ့သော သင်ခန်းစာတွင် ဤအကြောင်းအရာများ ပါဝင်ပါသည်။ ခရစ်ယာန် အသက်တာကို မည်ကဲ့သို့ ရှင်ရမည့်အကြောင်း၊ ခရစ်တော် ပြန်ကြွလာခြင်း အကြောင်းနှင့် ပတ်သက်သည့် သွန်သင်ချက်များကို ဆက်လက်မလေ့လာမီ ပြီးခဲ့သော သင်ခန်းစာမှ စကားပြေများကို ပြန်လည်ကြည့်ရှုပါ။

တဖန်ထပ်မံ၍ ဤအခန်း တစ်ခုလုံးကို အကြိမ်ကြိမ်ဖတ်ပါ။ ဤအခန်းကိုဖတ်သော အကြိမ်ပေါင်းကို ရေးပါ။ _______ ကြိမ်

အဓိပ္ဗါယ်ဖွင့်ဆိုချက်များ

ပေးထားသော အဓိပ္ပါယ်ဖွင့်ဆိုချက်များကို လေ့လာပါ။ အဓိပ္ပါယ် ဖေါ်ပြ၍ မထားသာ စကားလုံးများအတွက် အဓိပ္ပါယ်ဖွင့်ဆိုချက် ရေးပေးပါ။

၁ သက် ၄း၁နှစ်သက် စေသည်ကျေနပ်စေသည်၊ သဘောကျစေသည်။
တိုးပွား၍ ကြွယ်ဝ ပြည့်စုံခြင်း ______________________________
၎း၃မတရားသော မေထုန် (Fornication) ______________________________
သန့်ရှင်းစေခြင်းသန့်ရှင်းသော အသက်တာကို ရှင်ရန်အတွက် အပြစ်ကို ဆေးကြောခြင်းဖြင့် အပြစ်နှင့် ကင်းကွာ၍ အသက်ရှင်ခြင်း။
၎း၁၃အိပ်ပျော်သောသူ ______________________________
၎း၁၄ထမြောက်တော်မူသည်ပြန်ရှင်သည်။
အရင်ဦး နေရာကျမည် ______________________________

Back to Top ▲

အသင်းတော်အတွင်းကန့်သတ်ထုတ်ဝေသည်။

Copyright © Myanmar Christian Resources Ministry. All rights reserved.
All copyrights belong to their respective owners.