ခရစ်ယာန်အသက်ရှင်မှုကို
လေ့လာခြင်း
Christian Living
သင်ခန်းစာပေါင်းချုပ် ၁၀
နိဒါန်း
ပေါင်းပင်နှင့် အကျင့်ဓလေ့
ပေါင်းပင်နှင့် ဆိုးသော အကျင့်ဓလေ့တို့သည် အထူးဂရုတစိုက် ပြုစု ပျိုးထောင်စရာ မလိုဘဲ၊ ရှင်သန်တိုးပွါး တတ်ကြသည်။ သို့သော်ကောင်းသော အကျင့်ဓလေ့မှာ အဆက်မပြတ် ပြုစုပျိုးထောင်ခြင်း မလုပ်ပေးလျှင်၊ ပပျောက်သွား ပေလိမ့်မည်။
ကောင်းသော အကျင့်ဓလေ့ကို ပြုစုပျိုးထောင်ရန် နည်းလမ်းမှာ- ထို အကျင့်ကောင်းကို အစပြုပေးရန်နှင့် နောက်ပိုင်းတွင် အမြဲဆက်လက် လုပ်ဆောင်စေရန် ဖြစ်သည်။ နှစ်သက်ဘွယ် ကောင်းသော အရည်အချင်း များစွာအနက် “ဇွဲရှိခြင်း” ဆိုသည့်အချက် ရိုးရိုးလေးကို ချန်ခဲ့ကြည့်ပါ။ “ဇွဲ” မရှိသောကြောင့် ရည်မှန်းချက် ပန်းတိုင်သို့ မရောက်မီ တပိုင်းတစ ရပ်စဲသွားပါက၊ အခြားစွမ်းဆောင်ကြိုးစား လာခဲ့သမျှမှာ ဘာမျှအကျိုး မရှိတော့ချေ။
ကျွန်ုပ်တို့ အများစုမှာ၊ ပင်ကိုယ်သဘာဝအားဖြင့် ကောင်းသော အကျင့်အကြံအတွက် ဇွဲလုံ့လ မရှိကြပါ။ ကျွန်ုပ်တို့ အများစုမှာ ပျင်းရိတတ်ပြီး အလွယ်တကူပင် လမ်းလွဲတတ်ကြ ပါသည်။ သို့သော် ရှေ့ဆက် လုပ်ဆောင်နိုင်ဖို့ ခွန်အားကို ခရစ်တော်က ပေးနိုင်ပါသည်။ ကျွန်ုပ်တို့ကို ခွန်အားနှင့် ပြည့်စုံစေတော်မူသော ခရစ်တော် အားဖြင့် ခပ်သိမ်းသော အမှုတို့ကို ကျွန်ုပ်တို့ တတ်စွမ်းနိုင်၏။ (ဖိ ၄း၁၃)
ဤ “ခရစ်ယာန် အသက်ရှင်မှုကို လေ့လာခြင်း” စာအုပ်များကို သင် ဖြေဆိုခဲ့ပြီး ဖြစ်၍ ကျမ်းစာကို စနစ်တကျ ကိုယ်တိုင် လေ့လာသော အလေ့အထကို သင်ရရှိသင့်ပြီ။ စာအုပ်အမှတ် ၈ ကို တစ်ပတ်လျှင် သင်ခန်းစာ တစ်ခုပြီးအောင် ဖြေဆိုခြင်းဖြင့် ကျမ်းစာ လေ့လာခြင်း၊ အလေ့အထကို ဆက်လက်ပြုစု ပျိုးထောင်ပါ။ နှုတ်ထွက် စကားတော်ကို သင်ကိုယ်တိုင် လေ့လာဆည်းပူးရင်း၊ အဆုံးတိုင်အောင် လေ့လာသူ တစ်ဦးဖြစ်ဖို့ ဆုံးဖြတ်ပါ။