« « မာတိကာ Table of Contents

ခရစ်ယာန်အသက်ရှင်မှုကို
လေ့လာခြင်း
Christian Living

သင်ခန်းစာပေါင်းချုပ် ၁၁

နိဒါန်း

အတွင်းသဘောထား အရေးကြီးပုံ

ကမ္ဘာတိုက်ကြီး (Continent) သုံးတိုက်၌ ပထမဆုံး ကနဦးသာသနာပြု ဆရာကြီး တစ်ဦးဖြစ်သူ ဆရာကြီး စီတိ စတက် (C.T. Stead) က ဤသို့ပြောခဲ့ဖူးပါသည်။ “သူလေ့လာ သင်ယူခဲ့သော ထူးခြားသည့် သင်ခန်းစာမှာ အခြားစာအုပ်များစွာကို ဘေးဖယ်လျက် စာအုပ်တစ်အုပ်တည်း (သမ္မာကျမ်း Bible) ကိုသာ ကောင်းစွာသိကျွမ်းသူ ဖြစ်လာရန်” ဟူသော သင်ခန်းစာဖြစ်ပါသည်။ သူ၏ ကျမ်းစာထဲ၌ များပြားစွာ အမှတ်အသား ပြုခဲ့ပြီး နှုတ်ထွက်စကားတော်ကို ကလေးငယ် တစ်ဦး၏ အတွင်း သဘောထား မျိုးဖြင့် ခံယူခဲ့သည်။ သန့်ရှင်းသော ဝိညာဉ်တော်သည် သူ့အား နှုတ်ထွက်စကားတော်ကို ဖွင့်ပြတော်မူရန် ရိုးစင်းစွာ ကိုးစားခဲ့သည်။ သို့ဖြစ်သောကြောင့် ဝိညာဉ်တော်နှင့် နှုတ်ထွက်စကားတော် အားဖြင့် ဘုရားသခင်နှင့်တိုက်ရိုက် မိဿဟာယဖွဲ့လျက် အသက်ရှင်ခဲ့သည်။ ဘုရားသခင်နှင့် လျှောက်လှမ်းခြင်း အသက်တာ၏ လျှို့ဝှက်ချက်ကို သူသင်ယူလေ့လာခဲ့သည်။

လူသားတို့အတွက် ဘုရားသခင်၏ ရေးသားဖွင့်ပြချက် ဖြစ်သည့် သမ္မာကျမ်းအပေါ် ကျွန်ုပ်တို့၏အတွင်း သဘောထားက ဘုရားသခင် ကိုယ်တော်တိုင် အပေါ်ကျွန်ုပ်တို့၏အတွင်း သဘောထားကို ကျယ်ပြန့်စွာ ထင်ဟပ်ဖော်ပြ နေပေလိမ့်မည်။

“တပည့်တော်တို့ကလည်း လမ်းခရီး၌ ငါတို့နှင့် ဟောပြော၍ ကျမ်းစာအနက်ကို ဖွင့်ပြတော်မူသောအခါ ငါတို့ စိတ်နှလုံးသည် ယိုဖိတ်မတတ် ဖြစ်သည်မဟုတ်လော” (လူ ၂၄း၃၂) ဟူ၍ ဧမောက်ရွာ (Emmaus Village) သို့ သွားသော တပည့်တော်များ ပြောခဲ့သလို ဘုရားသခင်နှင့် မိဿဟာယဖွဲ့ရန် စိတ်အားထက်သန်စွာ ရှာဖွေလိုသူသည် ကိုယ်တော်၏ နှုတ်ထွက်စကားတော် အားဖြင့် အကျိုးရလာဒ်ကို တွေ့ရှိခံစား ရပေလိမ့်မည်။

အကယ်၍ ကျွန်ုပ်တို့သည် သမ္မာကျမ်းကို ဘုရားသခင်၏ ထူးခြားသော စာအုပ်အဖြစ် သိမြင်နားလည် မည်ဆိုပါက ဆရာကြီး စီ၊ တီ စတက် (C.T. Stead) ပြောခဲ့သလို အခြားသော စာအုပ်များထက် ဦးစားပေးမှု ရှိပါလိမ့်မည်။ ဘုရားသခင်အား ကိုးစားခြင်း၊ ရိုးသားစွာ ယုံကြည်ခြင်း သဘောထားက ရှာဖွေလေ့လာသူအား ကိုယ်တော်၏ နှုတ်ထွက်စကားတော် သွန်သင်ချက်ကို ယုံကြည်ခြင်းအားဖြင့် လက်ခံနိုင်ရန် ပို့ဆောင်မည် ဖြစ်ပါသည်။ အရာခပ်သိမ်းထက် ကိုယ်တော်အား နှစ်သက်စေလိုသည့် ဆန္ဒရှိသူသည် နှုတ်ထွက်စကားတော်ကို နာခံရန်ဟူသော ရိုးသားသည့် စိတ်ထားဖြင့် ကြည့်ရှုပေလိမ့်မည်။


Back to Top ▲

အသင်းတော်အတွင်းကန့်သတ်ထုတ်ဝေသည်။

Copyright © Myanmar Christian Resources Ministry. All rights reserved.
All copyrights belong to their respective owners.