« « မာတိကာ Table of Contents

ခရစ်ယာန်အသက်ရှင်မှုကို
လေ့လာခြင်း
Christian Living

သင်ခန်းစာပေါင်းချုပ် ၁၁

သင်ခန်းစာ (၅)

ဖိလိပ္ပိသြဝါဒစာ အခန်းကြီး (၄)

ပဏာမလေ့လာခြင်း

ပြီးခဲ့သောအခန်းများရှိ ပါဝင်သောအကြောင်းအရာများနှင့် အဓိကအချက်များကို မှတ်မိနိုင်ပါသလား။ မှတ်မိသလောက် အလွတ်ပြန်ရေးပါ။ ထို့နောက် အခန်းကြီး (၄) ကို စတင်မလေ့လာမှီ ပြီးခဲ့သော အခန်းများကို ပြန်နွှေးပါ။ တစ်ခန်းချင်းစီသည် သီးခြားဆိုလိုချက်များ ဖြစ်သည်ကို သင်သတိပြုပါ။ သို့ရာတွင် အခန်းတိုင်း၌ ယေရှုခရစ်တော် တစ်ဦးတည်းကိုသာ အဓိကထားကြောင်း သတိပြုပါ။

ဤအခန်းကြီး (၄) ကို သေသေချာချာ ကြိမ်ဖန်များစွာ ဖတ်ပါ။ ထို့နောက် စဉ်းစားဆင်ခြင်လျက် ဖြည်းဖြည်းထပ်မံဖတ်ပါ။ လက်တွေ့လိုက်နာနိုင်သည့် အချက်များနှင့် သင်သတိပြုမိသော ပြဿနာများကို ရေးချရန် အကြမ်းစက္ကူကို အသုံးပြုပါ။

ဤအခန်းတွင် ဘာသွန်သင်သနည်း

ဤအခန်းကို ပုံမှန်ကောက်နှုတ်ချက် ရေးခြင်း (သို့) အကျဉ်းခြုံး ကောက်နှုတ်ချက် ရေးခြင်းဖြင့် ခွဲခြမ်းစိတ်ဖြာ နိုင်ပါသည်။ အကျဉ်းခြုံး ကောက်နှုတ်ချက် ရေးရန်အတွက် ယခင်လေ့လာခဲ့ပြီးသည့် သင်ခန်းစာ ၃ ခုကို လုပ်သည့်ပုံစံအတိုင်း လိုက်နာလုပ်ဆောင်ပါ။ အခန်းကြီးကို အပိုင်းများအဖြစ် ခွဲလိုက်ပါ။ အပိုင်းတိုင်းအတွက် အကျဉ်းချုပ်ရေးပြီး ခေါင်းစဉ်တစ်ခုစီ ရေးပေးပါ။ (သို့) ကျမ်းပိုဒ်ငယ် တစ်ပိုဒ်အတွက် ပျမ်းမျှစကားလုံး စာ- ၁၆ လုံးခန့်ဖြင့် အခန်းကြီး တစ်ခုလုံးကို ဦးစွာအကျဉ်းခြုံးပါ။ ထို့နောက် အပိုင်းများအတွက် ခေါင်းစဉ်များကို ထပ်ထည့်ပေးပါ။

ဖိလိပ္ပိ အခန်းကြီး (၄) ကို ကောက်နုတ်ချက်ရေးဖို့ သင်ရွေးချယ်ပါက သင့်ကိုယ်ပိုင် ကောက်နှုတ်ချက် ပြုလုပ်ဖို့ ကြိုးစားပါ။ ထို့နောက် ဤအခန်းကြီးကို ကောက်နှုတ်ချက် ရေးထားသည့် နမူနာနှင့် နှိုင်းယှဉ်ကြည့်ပါ။ ယခုအချိန်၌ နမူနာ ကောက်နှုတ်ချက်သည် စာမျက်နှာ ၁၇ ၌ ဖော်ပြထားသော ကောက်နှုတ်ချက်လောက် အသေးစိတ် မကျချေ။ သင်ခန်းစာ စာအုပ်ထဲ၌ သင်၏အပြီးသတ် ကောက်နှုတ်ချက်ကို ကူးရေးစဉ်တွင် တိုးချဲ့ပြီး ရေးချင်လိုက ရေးနိုင်ပါသည်။ (သို့) အခန်းကြီး တစ်ခုလုံးအတွက် ပို၍တိုတောင်းသည့် ပုံစံအတိုင်း လိုက်နာလုပ်ဆောင်ရန် ဆုံးဖြတ်လိုပါကလည်း ဆုံးဖြတ်နိုင်ပါသည်။


Back to Top ▲

အသင်းတော်အတွင်းကန့်သတ်ထုတ်ဝေသည်။

Copyright © Myanmar Christian Resources Ministry. All rights reserved.
All copyrights belong to their respective owners.