❮ Prev အမှာစာ စကားချီး နှစ်ခြင်းသမိုင်း အကျဉ်းချုပ် အခန်း ၁ . . . Next ❯


« « Table of Contents မာတိကာ

နှစ်ခြင်းအသင်းတော်များ၏
အခြေခံယုံကြည်ချက်နှင့်ကျင့်သုံးမှု

အမှာစာ

၁၇-ရာစုမှစ၍ မိမိတို့၏ ယုံကြည်ချက်အပေါ် ရပ်တည် ခဲ့သော နှစ်ခြင်း အသင်းတော်သည်၊ ဒေသန္တရ အသင်းတော် တစ်ပါးစီ၏ ယုံကြည်ခြင်းနှင့် လွတ်လပ်မှုကို ဓမ္မကြောင်းအရ ရပ်တည်စေရန် ပြုစုခဲ့ပါသည်။

သို့ရာတွင် ထိုလွတ်လပ်မှုသည် ထူးခြားစွာယုံကြည် လက်ခံထားသော နှစ်ခြင်းခရစ်ယာန် အသင်းတော်၏ ယုံကြည်ခြင်းနှင့် ကျင့်သုံးမှု အပေါ်တွင် အခြေခံ၍ ရပ်တည်ခြင်း ဖြစ်ပါသည်။

ကျွန်ုတော်တို့၏ နှစ်ခြင်း အသင်းတော်သည် နှစ်ခြင်း အသင်းတော် တစ်ပါးအဖြစ် ပေါ်လာသည့် အချိန်မှစ၍ သမ္မာကျမ်း စာတော်မြတ်၏ သွန်သင်မှုကို အခြခံပြီး ယုံကြည်သူများ လိုက်နာကျင့်သုံးရန် ရေးသားပြုစု ခဲ့ပါသည်။

ထိုယုံကြည်ခြင်းနှင့် ကျင့်သုံးမှုများကို ခေတ်ကာလနှင့် လျှော်ညီစွာ သမ္မကျမ်းစာကို အခြေခံ၍၊ အခါအားလျှော်စွာ ပြန်လည်သုံးသပ် ပြင်ဆင်ရေးသား ခဲ့ပါသည်။ မြန်မာနိုင်ငံရှိ နှစ်ခြင်း အသင်းတော်သည် လွန်ခဲ့သော ၁၉၁၉ ခုနှစ်က ဆရာကြီး ဦးဘ ရေးသားပြုစုခဲ့သော ကိုယ်တော်၏ ကြယ်ကို ဓမ္မဆရာလက်စွဲ စာအုပ်အဖြစ် အချိန်ကြာမြင့်စွာ အသုံးပြု ခဲ့ပါသည်။ သို့ရာတွင် ပြောင်းလဲနေသော ခေတ်ကာလနှင့် ဆီလျှော်အောင် ပြင်ဆင်ဘို့ လိုအပ် လာပြီ ဖြစ်၍ ဓမ္မ အမှုတော်ဆောင်များ ညီလာခံနှင့် ယုံကြည်ခြင်း ကျင့်သုံးမှု ဆိုင်ရာ နှီးနှောဖလှယ် ပွဲတွင် ဤယုံကြည်ခြင်းနှင့် ကျင့်သုံးမှု စာအုပ်ကို ကျယ်ကျယ် ပြန့်ပြန့် ဆွေးနွေး ကြကာ ထွက်ပေါ်လာသော အကြံပြု ဆွေးနွေးချက် များကို ရေးသား ပြုစုပြီး ပုံနှိပ်ထုတ်ဝေ လိုက်ခြင်း ဖြစ်ပါသည်။

အသင်းချုပ်ဝင် နှစ်ခြင်း အသင်းတော် များနှင့် ယုံကြည်သူတိုင်း တို့၏ ယုံကြည်ခြင်းကို တည်ဆောက်သော စာအုပ်ဖြစ်ပါသည်။

အဖဘုရားသခင်သည် ဤယုံကြည်ခြင်းနှင့် ကျင့်သုံးမှု စာအုပ်နှင့်တကွ အသုံးပြုကြမည် ယုံကြည်သူ တိုင်းတို့အား ကောင်းချီး ပေးပါစေကြောင်း ဆုတောင်း ပါသည်။

Continue… » »


❮ Prev အမှာစာ စကားချီး နှစ်ခြင်းသမိုင်း အကျဉ်းချုပ် အခန်း ၁ . . . Next ❯

Back to top ▲

အသင်းတော်အတွင်းကန့်သတ်ထုတ်ဝေသည်။

Copyright © Myanmar Christian Resources Ministry. All rights reserved.
All copyrights belong to their respective owners.