❮ Prev အမှာစာ စကားချီး နှစ်ခြင်းသမိုင်း အကျဉ်းချုပ် အခန်း ၁ . . . Next ❯


« « Table of Contents မာတိကာ

နှစ်ခြင်းအသင်းတော်များ၏
အခြေခံယုံကြည်ချက်နှင့်ကျင့်သုံးမှု

စကားချီး

အသင်းတော်များ အတွက် ဓမ္မဆရာ လက်သုံးစာအုပ် လိုအပ်လျက်ရှိခဲ့ရာ၊ ၁၉၁၉ ခုနှစ်တွင်၊ ဆရာကြီး ဦးဘ၏ ဓမ္မဆရာလက်သုံး (Companion) ဟူသော စာအုပ်နှင့် ဒုတိယ ပုံနှိပ်သော “ကိုယ်တော်၏ ကြယ်” (His Star) စာအုပ်များကို ထုတ်ဝေခဲ့ရာ၊ ထိုစာအုပ်များသည် အလွန်ပင် အသုံးဝင်၍ တပည့်တော် ညီအစ်ကို မောင်နှမများ အလွန်နှစ်သက် ကြလေသည်။

ရှေးယခင်က ဆရာကြီးယုဒသန်၏ ဓမ္မဆရာလက်စွဲစာ (၁၉၀၇) သာရှိခဲ့ရာ၊ ဆရာကြီး ရာဂျီဆေးမော၊ ဒဘလျူ၊ ဒဘလျူ အဲဝါစ်၊ ဒေါက်တာအိပ်ခ်ျ ဂျွန်ဆင်၊ ဒေါက်တာအီးတီ၊ အစ်ကောစ်၊ ဒေါက်တာဒရှုးရီး၊ ဒဘလျူ၊ ကရော ဝဲလ်၊ ဂျီအိပ်ခ်ျဘွိုင်းတင်၊ ဒေါက်တာယုဒသန်၊ အမ်း၊ ဆမ်းမားဘဲလ် တို့၏၊ စာအုပ်များမှ နည်းနိသျှများ စုဆောင်းပြီး၊ ဓမ္မဆရာတို့ လက်သုံး (Companion) စာအုပ်ကို ပုံနှိပ် ခဲ့ပါသည်။ အကြိမ်ကြိမ် ပြင်ဆင် ရေးသားခြင်း၊ အရေးကြီးသော အကြောင်းအချက် များအား ထပ်မံ ထည့်သွင်းခြင်း များကိုလည်း ပြုလုပ် ခဲ့ပါသည်။

သို့သော် ခေတ်၏ တောင်းဆိုချက်အရ အချက်အလက် ပို၍ပြည့်စုံ သည်ထက် ပြည့်စုံရန်၊ တူညီသော အခြေခံ ယုံကြည်ချက်နှင့် ကျင့်သုံးမှုစာအုပ် ထုတ်ဝေရန် လိုအပ် လာပြန်ပါသည်။

ထို့ကြောင့် ၁၉၉၀ ခုနှစ်တွင် နှစ်ခြင်း အသင်းတော် များ၏ အခြေခံ ယုံကြည်ချက်နှင့် ကျင့်သုံးမှု စာအုပ်ကို ထုတ်ဝေ ခဲ့ပါသည်။ ဤစာအုပ်အား ၁၉၈၃ ခုနှစ်က ထုပ်ဝေရန် ဆုံးဖြတ်ခဲ့ပါသည်။ ၁၉၈၇ ခုနှစ်တွင် လူမျိုးစုနှင့် ဒေသန္တရ အဖွဲ့ချုပ် အထွေထွေ အတွင်းရေးမှူးများ၊ ယင်းအဖွဲ့ချုပ်များရှိ ဓမ္မဆရာအသင်း များ၏ ဥက္ကဌနှင့် အတွင်းရေးမှူး များအပြင်၊ အသင်းချုပ်၌ တာဝန်ရှိ ပုဂ္ဂိုလ်(၇၀)ဦးကျော် ပါဝင်သော နှီးနှောဖလှယ်ပွဲ တစ်ရပ် ကျင်းပခဲ့ပါသည်။ ၁၉၈၈ ခုနှစ်တွင် အစည်းအဝေးများ သုံးကြိမ် ကျင်းပပြီး စာအုပ်ကို ပြုစုခဲ့ပါသည်။ အမှုဆောင် အဖွဲ့များက စာအုပ်မူကြမ်းကို စီစစ်ပြီး၊ လူမျိုးစုနှင့် ဒေသန္တရ အဖွဲ့ချုပ်များသို့ ပေးပို့ကာ သဘောထားနှင့် အကြံဥာဏ်များကို တောင်းခံ ခဲ့ပါသည်။

Continue… » »


❮ Prev အမှာစာ စကားချီး နှစ်ခြင်းသမိုင်း အကျဉ်းချုပ် အခန်း ၁ . . . Next ❯

Back to Top ▲

အသင်းတော်အတွင်းကန့်သတ်ထုတ်ဝေသည်။

Copyright © Myanmar Christian Resources Ministry. All rights reserved.
All copyrights belong to their respective owners.