❮ Prev . . . စကားချီး နှစ်ခြင်းသမိုင်း အကျဉ်းချုပ် အခန်း ၁ . . . Next ❯


« « Table of Contents မာတိကာ

ပထမပိုင်း

အခန်း (၁)

အသင်းတော်

နိဒါန်း

နှစ်ခြင်းခရစ်ယာန် တို့သည် မည်သူနည်း

နှစ်ခြင်းခရစ်ယာန် တို့သည် မည်သူနည်း ဟူသော မေးခွန်းကို ဖြေကြားနိုင်ရန် မိမိတို့ အသင်းအဖွဲ့၏ ယုံကြည်ချက်၊ ရည်ရွယ်ချက်၊ ကျင့်သုံးမှုတို့ကို နားလည် သဘောပေါက်ရန် လိုအပ်ပေသည်။ ယခု အချိန်အခါသည် ဓမ္မကြောင်း ခံယူချက်များ ရောနှော ရှုပ်ထွေးသော အချိန်ကာလ ဖြစ်သောကြောင့် နှစ်ခြင်းအသင်းတော် အဖွဲ့အစည်း အနေနှင့် လည်းကောင်း၊ တစ်ဦးချင်း အနေနှင့် လည်းကောင်း၊ မိမိတို့၏ ယုံကြည်ချက်နှင့် ကျင့်သုံးမှုများကို ပီပြင်စွာ နားလည်ခံယူ ကျင့်သုံးရန် လိုအပ်လာပြီ ဖြစ်ပါသည်။

မိမိမည်သူ ဖြစ်ကြောင်း အဓိပ္ပါယ် ဖော်ထုတ် ရှင်းလင်းရာ၌ ဓမ္မကြောင်းအရ ကနဦး အသင်းတော်၏ ယုံကြည်ချက်၊ ကျင့်သုံးမှုနှင့် အသက်ရှင်မှု များကို ပြန်လည်သုံးသပ် ရပေမည်။ နှစ်ခြင်း ယုံကြည်ချက်များတွင် နှစ်ခြင်းမင်္ဂလာ ခံရုံမျှနှင့် နှစ်ခြင်းခရစ်ယာန် ဟူ၍ အမည်ခံသာ မဖြစ်စေဘဲ၊ နှစ်ခြင်းခရစ်ယာန် တို့သည် မည်သည့် အရာကို ယုံ၍ နှစ်ခြင်းခရစ်ယာန် ဖြစ်လာရခြင်း ဆိုသည်ကို ခံယူ နားလည် သဘောပေါက်ရန် လိုအပ်ပေသည်။ များသောအားဖြင့် နှစ်ခြင်း ယုံကြည် ချက်ကို ဖော်ပြရာတွင် နှစ်ခြင်းတို့၏ ထူးခြားသော ယုံကြည်ချက်ကို အဓိကထား၍ သွန်သင်ကြပေသည်။ နှစ်ခြင်းယုံကြည်ချက်တွင် သိရှိရန် ယုံကြည်ချက် များစွာ ရှိသည့်အလျောက် ကျင့်သုံးမှု များတွင်လည်း နှစ်ခြင်း အသင်းသား ပီပြင်စွာကျင့်သုံးရန် လိုအပ်ပေသည်။

Continue… » »


❮ Prev . . . စကားချီး နှစ်ခြင်းသမိုင်း အကျဉ်းချုပ် အခန်း ၁ . . . Next ❯

Back to Top ▲

အသင်းတော်အတွင်းကန့်သတ်ထုတ်ဝေသည်။

Copyright © Myanmar Christian Resources Ministry. All rights reserved.
All copyrights belong to their respective owners.