❮ Prev . . . စကားချီး နှစ်ခြင်းသမိုင်း အကျဉ်းချုပ် အခန်း ၁ . . . Next ❯


« « Table of Contents မာတိကာ

ပထမပိုင်း

အခန်း (၁) အသင်းတော်

၁။ အနက်အဓိပ္ပါယ်

က။ ဒေသန္တာရ အသင်းတော် Local Church

နှစ်ခြင်းခရစ်ယာန်တို့ အနေဖြင့် ဓမ္မသစ်ကျမ်း အသင်းတော်သည် ဒေသန္တာရ အသင်းတော် ဖြစ်သည်ဟု ယုံကြည်လက်ခံသည်။ ဒေသခံ ခရစ်ယာန် အစုအဝေး ဝတ်ပြုကိုးကွယ် နေကြသော ပရိသတ် အစည်းအဝေးသည် လွတ်လပ်သော ခရစ်တော်၏ ခန္ဓာကိုယ် အသင်းတော်ဖြစ်သည်။ ၎င်းသည် အချုပ်အခြာ ဖြစ်သည်ဟု ခံယူပါသည်။

(၁) မျက်မြင်ရသော အသင်းတော် Visible Church

ဒေသန္တာရ အသင်းတော်သည် မျက်မြင်ရသော အသင်းတော် ဖြစ်ပြီး မျက်မြင်မရသည့် စကြဝဠာ အသင်းတော်၏ ပုံသဏ္ဍာန်ကို ဆောင်ပါသည်။ မျက်မြင်ရသော ဒေသ အသီးသီးရှိ အသင်းတော်များနှင့် ဆက်နွယ် ပတ်သက်ချက် များသည် လူ့ဇာတိဖြင့် ကြံစည်နားလည်၍ မမှီနိုင်အောင် နက်နဲသော အရာဖြစ်သည်။ ၎င်းအသင်းတော် တို့သည် နှစ်မျိုးနှစ်စား အဖြစ် တည်ရှိသည်မဟုတ်၊ တစ်ခုတည်းသော အသင်းတော်ကို နှစ်ဘက်နှစ်လမ်းမှ ရှုမြင်သုံးသပ် နားလည် ခံယူထားခြင်း ဖြစ်သည်။ သို့ဖြစ်၍ ဒေသန္တာရ အသင်းတော် ဟူသည် နေရာဒေသ တစ်ခုတွင် ခရစ်တော်၏ အသင်းတော်ကို တွေ့မြင်နိုင်ရသည့် အလျောက် အကောင် အထည် ဖော်နေခြင်း ဖြစ်၏။ မျက်မြင်ရသည့် စကြဝဠာ အသင်းတော်၏ အရိပ်နောက်ခံမှ ခရစ်တော်၏ ကိုယ်ခန္ဓာဖြစ်သော အသင်းကို အကောင်အထည် ဖော်ပြခြင်း ဖြစ်သည်။

(က) ဒေသန္တာရ အသင်းတော် များသည် အခြေခံ အုတ်မြစ်တစ်ခုတည်း အပေါ်တွင် တည်ထောင်ဖွဲ့စည်းထားသော ခရစ်တော်၏ ပညတ်တရား နှုတ်ကပတ်တော် တစ်ခုတည်း၌သာ လိုက်လျှောက် စောင့်စည်းလျက် ရှိသဖြင့် နေရာ အရပ်ရပ်တို့၌ လုပ်ထုံးလုပ်နည်း အမျိုးမျိုး ကျင့်သုံး နေကြသော်လည်း လုပ်ငန်းတစ်ရပ်၊ သာသနာ တစ်ရပ်သာလျှင် ဖြစ်ပေသည်။

Continue… » »


❮ Prev . . . စကားချီး နှစ်ခြင်းသမိုင်း အကျဉ်းချုပ် အခန်း ၁ . . . Next ❯

Back to Top ▲

အသင်းတော်အတွင်းကန့်သတ်ထုတ်ဝေသည်။

Copyright © Myanmar Christian Resources Ministry. All rights reserved.
All copyrights belong to their respective owners.