❮ Prev . . . စကားချီး နှစ်ခြင်းသမိုင်း အကျဉ်းချုပ် အခန်း ၁ . . . Next ❯


« « Table of Contents မာတိကာ

ပထမပိုင်း

အခန်း (၁) အသင်းတော်

၂။ အသင်းတော် မင်္ဂလာဝတ်နှစ်ပါး

ခ။ သဘောတရား အနက်အဓိပ္ပါယ်
(၁) နှစ်ခြင်းမင်္ဂလာဝတ်

(က) နှစ်ခြင်း(ဗတ္တိဇံ)ဟူသော ဝေါဟာရသည် ဂရိ ဘာသာစကား ‘ဗတ္တိဇို’မှ လာပါသည်။ ဂရိ ဓမ္မသစ်ကျမ်း အဘိဓာန်တွင် ‘ဗတ္တိဇို’ ကို အနက်ဖွင့်ထား သည်မှာ –

၁၊ ရေ၌ နှစ်မြှုပ်သည့် တိုင်အောင် နှစ်ခြင်း
၂၊ သန့်စင်စေရန်နှင့် နှစ်မြှုပ်ခြင်း
၃၊ လွှမ်းမိုး နှစ်မြှုပ်ခြင်းဟု ဖော်ပြသည်။

ဓမ္မသစ်ကျမ်းတွင် အထူးသဖြင့် ဆေးကြော သန့်ရှင်း စေခြင်း ကျင့်ဝတ်ကို နှစ်ခြင်း ဆရာယောဟန်က ပထမဦးစွာ ကျင့်သုံးခဲ့ပြီးနောက် ယုံကြည်သူများသည် ခရစ်တော်၏ အမိန့်တော်အရ အပြစ်မှ ဖြေလွှတ်ခြင်း သဘောကို ပုံဆောင်ရန် ရေ၌ နှစ်မြှုပ်ခြင်း ဝတ်ကို ကျင့်သုံးလိုက်နာ ကြသည်။

နှစ်ခြင်း ခရစ်ယာန်တို့၏ ခံယူချက်အရ နှစ်ခြင်းမင်္ဂလာသည် ခရစ်တော်ကို ယုံကြည်ပါသည်ဟု ဝန်ခံသူအား ခမည်းတော်၊ သားတော်၊ သန့်ရှင်းသော ဝိညာဉ်တော်၏ နာမတော်၌ ရေတွင် နှစ်မြှုပ်ခြင်း မင်္ဂလာဖြစ်ပါသည်။

နှစ်ခြင်း (ဗတ္တိဇံ) မင်္ဂလာသည် ခရစ်တော်၏ သေခြင်း၊ မြှုပ်နှံခြင်းနှင့် ထမြောက်ခြင်းကို ပုံဆောင်ကြောင်း တမန်တော်ကြီး ရှင်ပေါလုက ရော ၆း၃ ၌ ဆိုထားပါသည်။

ဤမင်္ဂလာ ခံယူခြင်းသည် အသက်တာသစ် ရရှိရန် ဆေးကြော သန့်ရှင်းခြင်းနှင့် ဝိညာဉ်တော် အားဖြင့် ပြန်လည် ရှင်သန်ခြင်းကို ပုံဆောင်လျက် ယုံကြည်သူသည် ခရစ်တော်၏ သေခြင်း၊ မြှုပ်နှံခြင်း ခံရပြီး အဖ၏ ဘုန်းတော်အားဖြင့် ရှင်ပြန် ထမြောက်မည်ကို မျှော်လင့်ကြောင်း ဝန်ခံသည်။

ထို့ကြောင့် သေခြင်း၊ မြှုပ်နှံခြင်းနှင့် ရှင်ပြန် ထမြောက်ခြင်းကို ပုံဆောင်လျက် နှစ်ခြင်းမင်္ဂလာ၏ အနက်အဓိပ္ပါယ်ကို ပေါ်လွင်စေရာ၌ နှစ်ခြင်းနည်းစနစ် ကိုသာ နှစ်ခြင်းခရစ်ယာန်များ ခံယူကျင့်သုံး ကြပါသည်။

Continue… » »


❮ Prev . . . စကားချီး နှစ်ခြင်းသမိုင်း အကျဉ်းချုပ် အခန်း ၁ . . . Next ❯

Back to Top ▲

အသင်းတော်အတွင်းကန့်သတ်ထုတ်ဝေသည်။

Copyright © Myanmar Christian Resources Ministry. All rights reserved.
All copyrights belong to their respective owners.