❮ Prev . . . နှစ်ခြင်းသမိုင်း အကျဉ်းချုပ် ၁ အခန်း ၂ ၃ ၄ . . . Next ❯
ပထမပိုင်း
အခန်း (၂)
အသင်းတော် ဖွဲ့စည်းတည်ထောင်ခြင်း
နိဒါန်း
“အသင်းတော်” ဟူသော ဝေါဟာရနှင့် ဆိုင်၍ ဓမ္မကြောင်း သဘောတရား များကို အထက်တွင် လေ့လာခဲ့ပြီး ဖြစ်ပါသည်။ အလွယ်နည်းဖြင့် ဆိုရလျှင် အသင်းတော်သည် ခရစ်တော်ကို ယုံကြည်သူ တပည့်တော် တို့ကို စုပေါင်း ဖွဲ့စည်းထားသော ထူးခြားသည့် အဖွဲ့အစည်း တစ်ရပ်ဖြစ်သည်။ ဘုရားနှင့် ဆိုင်သော လူ့အဖွဲ့အစည်း ဖြစ်၍ ဓမ္မကြောင်း သဘောတရား များကို သိရှိရန် လိုအပ် သကဲ့သို့ လူသားပိုင်း ဆိုင်ရာ နည်းစနစ် ကိုလည်း သဘောပေါက်ရန် လိုအပ်ပါသည်။
ရှိမုန်ဗာယောနအား သခင်ယေရှုက “သင်သည် ပေတရုဖြစ်၏။ ဤကျောက်ပေါ်မှာ ငါ့အသင်းတော်ကို ငါတည်ဆောက်မည်။” (မ ၁၆း၁၈) ဟု မိန့်တော်မူ သောကြောင့် ပေတရု အပေါ်မှာ အသင်းတော်ကို တည်ထောင်သည်ဟု ခံယူသူအချို့ ရှိသကဲ့သို့ “ကိုယ်တော်သည် ခရစ်တော် တည်းဟူသော” အသက်ရှင်တော် မူသော ဘုရားသခင်၏ သားတော် ဖြစ်တော်မူသည် ဟူသော ပေတရု၏ သက်သေခံ ယုံကြည်ချက် ပေါ်တွင်လည်း အချို့က အခြေခံကြောင်း နားလည်ရသည်။
“အကြင်အရပ်၌ လူနှစ်ဦးသုံးဦး တို့သည် ငါ၏ နာမကို ထောက်၍ စည်းဝေးကြ၏။ ထိုအရပ်၌ သူတို့ အလယ်မှာ ငါရှိသည်” (မ ၁၈း၂၀) ဟူသော မိန့်မှာ ချက်ကြောင့် လူနည်းသော်လည်း ခရစ်တော် ပါရှိလျှင် အသင်းတော် ဖြစ်နိုင်သည်ဟု ခံယူပြောဆို ကြသူများလည်း ရှိပါသည်။ သခင်ခရစ်တော်၏ ဘုန်းတော် နာမတော် ထင်ရှား စေအံ့ငှာ ဖွဲ့စည်းတည်ထောင် ထားသော အသင်းတော်သည် ဘုရားသခင်ရှေ့၊ လူရှေ့၌ အသရေနှင့် တင့်တယ်စေရန် နည်းစနစ် ကျန မှန်ကန်ဖို့ လိုအပ်လှ ပေသည်။
နက်နဲ ကျယ်ဝန်းသော အကြောင်းဖြစ်၍ ဓမ္မသစ် ခေတ်မှ အစ သမိုင်းကြောင်း တစ်လျှောက် ဆောင်ရွက် ခဲ့ပုံများကို လေ့လာသိရှိ ဖို့ရန် သင့်တော်သော်လည်း မျက်မှောက်ခေတ်၊ မြန်မာနိုင်ငံတွင် နှစ်ခြင်းခရစ်ယာန် အသင်းတော်သစ် ဖွဲ့စည်း တည်ထောင်ရာ၌ လိုက်လျှောက်သင့်သော စည်းရုံးရေး ဆိုင်ရာ နည်းစနှစ် သာလျှင် ဖော်ပြမည် ဖြစ်ပါသည်။ ထိုသို့ ဆောင်ရွက် ရာတွင် –
၁။ တပည့်တော်စု
၂။ အသင်းတော် ဖွဲ့စည်းခြင်းနှင့်
၃။ ပူးပေါင်းဆက်သွယ် ခြင်းဟူ၍ သုံးပိုင်းပါရှိမည် ဖြစ်ပါသည်။
❮ Prev . . . နှစ်ခြင်းသမိုင်း အကျဉ်းချုပ် ၁ အခန်း ၂ ၃ ၄ . . . Next ❯