❮ Prev . . . နှစ်ခြင်းသမိုင်း အကျဉ်းချုပ် အခန်း ၂ . . . Next ❯


« « Table of Contents မာတိကာ

ပထမပိုင်း

အခန်း (၂) အသင်းတော် ဖွဲ့စည်းတည်ထောင်ခြင်း

၂။ အသင်းတော်ဖွဲ့စည်းခြင်း

ကမကထပြု အသင်းတော်၏ ပြုစု ပျိုးထောင်မှုဖြင့် အောက်ပါ အချက်အလက် တို့နှင့် ပြည့်စုံ လာသောအခါ၊ တပည့်တော်စု အဖြစ်မှ အသင်းတော် တစ်ပါး အဖြစ်သို့ အသွင်ကူးပြောင်း ရမည် ဖြစ်ပါသည်။

က။ အသင်းတော် ဖွဲ့စည်းခြင်းအတွက် လိုအပ်သော အချက်အလက်များ
(၁) အသင်းသား ဦးရေ

အသင်းတော်သစ် ဖွဲ့စည်းတည်ထောင် ရာတွင် မိမိတို့၏ သက်ဆိုင်ရာ မိခင်အသင်းတော်မှ သင်းပြောင်း စာယူလျက် ပါဝင်ပါမည်ဟု ဆန္ဒပြု သူများသည် အသင်းတော်၏ အသင်းသားများ ဖြစ်သည်။ အသင်းတော် ဖွဲ့စည်းနိုင်သော အသင်းသား ဦးရေကို သက်ဆိုင်ရာ အဖွဲ့အစည်း များ၏ သတ်မှတ်ချက် အတိုင်း ရှိသင့် ပါသည်။

(၂) တည်ရာဌာန

အသင်းတော် သစ်တစ်ပါး၊ ဖွဲ့စည်း တည်ထောင်ရာတွင် အသင်းတော် တည်ရှိရာ နေရာဌာန (မြေရာနှင့် အဆောက်အဦး) ရှိသင့်ပါသည်။ (အသင်းတော် ပိုင်ဖြစ်သော နေရာ ဖြစ်ရပါမည်)

(၃)ဘဏ္ဍာရေး အခြေအနေ

အသင်းတော်သစ်၏ ငွေရေး ကြေးရေး အခြေအနေသည် မိမိအသင်းတော် လုပ်ငန်း အဝဝနှင့် အနည်းဆုံး ဓမ္မအမှုတော်ဆောင် တစ်ပါးကို လုံလောက်စွာ ထောက်ပံ့နိုင်သော အရည်အချင်းနှင့် ပြည့်စုံသင့် ပါသည်။

(၄) ဓမ္မအမှုတော်ဆောင်

အသင်းတော်သစ် တစ်ပါးအဖြစ် သီးခြားစတင် ရပ်တည်သည့် အချိန်မှစ၍ အသင်းတော်အား ဝိညာဉ်ရေး သွန်သင်မှုနှင့် ဦးဆောင်မှု ပြုနိုင်သည့် ဓမ္မအမှုတော်ဆောင် အနည်းဆုံး တစ်ပါးရှိသင့် ပါသည်။

Continue… » »


❮ Prev . . . နှစ်ခြင်းသမိုင်း အကျဉ်းချုပ် အခန်း ၂ . . . Next ❯

Back to Top ▲

အသင်းတော်အတွင်းကန့်သတ်ထုတ်ဝေသည်။

Copyright © Myanmar Christian Resources Ministry. All rights reserved.
All copyrights belong to their respective owners.