❮ Prev . . . နှစ်ခြင်းသမိုင်း အကျဉ်းချုပ် ၁ အခန်း ၂ ၃ ၄ . . . Next ❯
ပထမပိုင်း
အခန်း (၂) အသင်းတော် ဖွဲ့စည်းတည်ထောင်ခြင်း
၂။ အသင်းတော်ဖွဲ့စည်းခြင်း
ဃ။ တရားဝင် အသင်းတော်ဖွဲ့စည်းခြင်း
ချိန်းချက်သော နေ့ရက်၊ အချိန် ဒေသတွင် ကျင်းပ ရမည့် ယင်းစည်းဝေးသို့ ပတ်ဝန်းကျင်ရှိ အသင်းတော်များ၊ နယ်သာသနာ အဖွဲ့နှင့် အဖွဲ့ချုပ်/ အသင်းချုပ် တို့အား လည်းကောင်း၊ ဓမ္မ အမှုတော်ဆောင် သဟာယ၊ အမျိုးသမီးအသင်း စသည့် သာသနာ အဖွဲ့တို့မှ ကိုယ်စားလှယ် တို့ကို လည်ကောင်း၊ ဖိတ်ခေါ်သင့်ပါသည်။
ယင်းစည်းဝေးတွင် ကမကထပြု အသင်းတော်မှ သင်းအုပ်/ ဥက္ကဌက သဘာပတိ အဖြစ် ဆောင်ရွက် ရပါသည်။
အစီအစဉ်
အပိုင်း (၁) လုပ်ငန်းပိုင်း
၁။ စည်းဝေးဖွင့်ခြင်း
၂။ တပည့်တော်စု၏ သမိုင်းဖတ်ကြား ခြင်းနှင့် ကမကထပြုသော အသင်းတော်၏ ခွင့်ပြုချက် တင်ပြခြင်း
၃။ အခြေခံ စည်းမျဉ်း ဥပဒေကို လက်ခံ အတည်ပြုခြင်း
၎။ အမှုဆောင် အဖွဲ့ ရွေးချယ် တင်မြှောက်ခြင်း
၅။ ဓမ္မ အမှုဆောင် ခန့်ထားခြင်း၊ တင်မြှောက်ခြင်း
၆။ အသင်းတော်၏ အမည် ကြေငြာခြင်း၊ (ပူးပေါင်း ဆက်သွယ်မည့် နယ် အသင်းတော်များ အဖွဲ့ကို ဆုံးဖြတ်ခြင်း)
၇။ ကျေးဇူးတင် စကားပြောခြင်း
၈။ အလုပ်စည်းဝေး ရုပ်သိမ်းခြင်း
❮ Prev . . . နှစ်ခြင်းသမိုင်း အကျဉ်းချုပ် ၁ အခန်း ၂ ၃ ၄ . . . Next ❯