❮ Prev . . . နှစ်ခြင်းသမိုင်း အကျဉ်းချုပ် ၁ အခန်း ၂ ၃ ၄ . . . Next ❯
ပထမပိုင်း
အခန်း (၂) အသင်းတော် ဖွဲ့စည်းတည်ထောင်ခြင်း
၎။ အသင်းသား ဖြစ်ခြင်း
က။ အသင်းဝင်ခြင်း
ခရစ်ယာန်တစ်ဦးသည် မိမိ၏ ယုံကြည် သက်ဝင်မှု အလျောက် ယုံကြည်သူများနှင့် အသင်းဖွဲ့၍ နေရမည်။ ယုံကြည်ခြင်း ဆိုရာ၌ ခမည်းတော်၊ သားတော်၊ သန့်ရှင်းသော ဝိညာဉ်တော် သုံးပါးတစ်ဆူ ဘုရားကို ယုံကြည်လျက်၊ ခရစ်တော်၏ သွန်သင်မိန့်မှာ တော်ချက် များကို ခံယူ သက်ရှင်သူ ဖြစ်ရမည်။ ထိုသို့ ယုံကြည်လက်ခံ သူသည် ပြောင်းလဲသော စိတ်နှလုံးရှိလျက် မိမိယုံကြည်ချက်ကို ဖော်ပြသော သက်သေ အထောက်အထား ဖြစ်သည်။
(၁) နှစ်ခြင်းမင်္ဂလာခံ၍ အသင်းဝင်ခြင်း
ရေ၌ ဒုတိယ မွေးခြင်း၊ နှစ်ခြင်းမင်္ဂလာကို ဒေသန္တရ အသင်းတော် တစ်ပါးပါး၌ ခံယူသူ ဖြစ်ရမည်။ ထိုသူသည် မိမိနှစ်ခြင်း မင်္ဂလာ ခံယူသော အသင်းတော်၏ အသင်းသား ဖြစ်ရမည်။
(၂) သင်းပြောင်းစာဖြင့် အသင်းဝင်ခြင်း
နှစ်ခြင်းမင်္ဂလာ ခံယူပြီးသော သူတစ်ဦးသည် အခြားသောဒေသရှိ အသင်းတော်တစ်ပါးပါးနှင့် မိတ်သဟာယဖွဲ့ ပေါင်းသင်းဆက်ဆံ၍၊ ထိုအသင်းတော်သို့ သင်းပြောင်းလိုပါက မိမိမူလအသင်းတော်မှ သင်းပြောင်းစာကို တောင်းခံရပါမည်။ ၎င်းနောက် မိမိ အသင်းဝင်လိုသော အသင်းတော်သို့ အသင်းတော်သို့ အသင်းဝင်ရန် တင်ပြသောအခါ၊ လက်ခံမည့် အသင်းတော်မှ သင်းပြောင်းစာကို စစ်ဆေး၍ လက်ခံရန်အသင်းတော်က ဆုံးဖြတ်နိုင်သည်။
(၃) မိဿဟာယ အသင်းသား
နှစ်ခြင်း ခရစ်ယာန် တစ်ဦးသည် ဒေသန္တရ အသင်းတော် တစ်ပါးပါး၌ မိဿဟာယ ဖွဲ့လျက် ရှိနေစဉ် ထို အသင်းတော်၏ မိဿဟာယ အသင်းသား ပေါင်းသင်းခြင်း အသင်းသား အဖြစ် လက်ခံနိုင်သည်။
ခ။ သင်းဝင်စာရင်းမှ ပယ်ဖျက်ခြင်း
အသင်းတော်သည် ခရစ်တော်၏ ကိုယ်ခန္ဓာ ဖြစ်သည့် အားလျော်စွာ အသင်းဝင် သူတို့ အင်္ဂါချင်းဖြစ်ကြ၍၊ အတူတကွ သင်းဖွဲ့နေထိုင်ရာတွင် တတ်နိုင်သရွေ့၊ သန့်ရှင်း ဖြူစင်သော အသက်တာဖြင့် ပါဝင်ကြရမည်။ သို့ရာတွင် နှစ်ခြင်းခရစ်ယာန် တစ်ဦးသည် လက်ရှိ အသင်းတော်နှင့် မိဿဟာယ ကင်းကွာ၍ သက်ရှင်လှုပ်ရှားမှု မပြုနိုင်သည့် အခါဖြစ်စေ၊ အခြား ဒေသန္တရ အသင်းတော် တခုသို့ သင်းပြောင်း သွားသောအခါ၌ ဖြစ်စေ၊ ခရစ်ယာန် ယုံကြည်ချက် ကျင့်ဝတ်နှင့်၊ စပ်ဆိုင်၍ လွဲမှားသော အပြစ် ပြုခဲ့လျှင် ဖြစ်စေ၊ သေဆုံးခြင်း ဖြစ်စေ၊ အသင်းဝင် စာရင်းမှ ရပ်ဆိုင်းခြင်း၊ ပယ်ဖျက်ခြင်း ပြုရမည်။
❮ Prev . . . နှစ်ခြင်းသမိုင်း အကျဉ်းချုပ် ၁ အခန်း ၂ ၃ ၄ . . . Next ❯