❮ Prev . . . နှစ်ခြင်းသမိုင်း အကျဉ်းချုပ် အခန်း ၂ . . . Next ❯


« « Table of Contents မာတိကာ

ပထမပိုင်း

အခန်း (၂) အသင်းတော် ဖွဲ့စည်းတည်ထောင်ခြင်း

၅။ အသင်းတော် ကောင်စီ | ကော်မတီ

ခ။ သင်းထောက်အဖွဲ့

တမန်တော်ဝတ္ထု အခန်းကြီး (၆) တွင် ပါရှိသော ရှေးဦးဆုံး သင်းထောက်တို့၏ တာဝန်သည် ဘဏ္ဍာတော် ခွဲဝေရန်နှင့် စားပွဲ တွင်လုပ်ကျွေးရန် အမှုဖြစ်ကြောင်း တွေ့ရှိရသည်။ သင်းထောက်တာဝန်အသေးစိတ် ချမှုဖြစ်ကြောင်း တွေ့ရှိရသည်။ သင်းထောက်တာဝန် အသေးစိတ် ချမှတ်ထားရန် မလွယ်ကူသော်လည်း အဓိကအားဖြင့် သင်းအုပ် ဆရာကို ကူညီထောက်ပံ့ခြင်း ဖြစ်သည်။ သူသည် ဝိညာဉ်ရေး ရင့်ကျက်သူ၊ အားကိုးရသူ၊ သမ္မာကျမ်းစာ လေ့ကျက် တတ်ကျွမ်းသူနှင့် အုပ်ချုပ်စီမံ ခန့်ခွဲရေးတွင် စွမ်းရည်ရှိသူ ဖြစ်ရမည်။ လုပ်ရိုး လုပ်စဉ်အရ သူတို့သည် ဆင်းရဲနွမ်းပါး သူများကို ကူညီမစခြင်း၊ ဖျားနာ သူများကို ကြည့်ရှုပြုစုခြင်း၊ အသင်းတော် စည်းမျဉ်း ထုံးတမ်းလိုက်နာခြင်း၌ ရှေ့ဆောင်ခြင်း၊ ပွဲတော်ပြင်ဆင်ခြင်းနှင့် အသင်းတော် တစ်ခုလုံး၏ သက်ဝင် လှုပ်ရှားမှုကို စောင့်ရှောက်ရန် ဖြစ်သည်။

နှစ်ခြင်း အမွေအနှစ် အရ သင်းထောက် အဖွဲ့သည် သင်းအုပ် ဆရာ၏ အကြုံပြု တိုင်ပင်သောအဖွဲ့ဖြစ်သည်။ ယနေ့ ကျွန်ုပ်တို့ ခေါ်ဆိုသော အသင်းတော် ကောင်စီ အဖွဲ့ဝင် ဖြစ်ပါသည်။ အသင်းတော်၏ အင်အားအလျှောက် သင်းထောက် အဖွဲ့ဝင်များ ရွေးကောက် တင်မြှောက် နိုင်ပါသည်။ ယခုအခါ အသင်းတော် စည်းမျဉ်းအလျောက် နှစ်ကာလ အပိုင်းအခြားနှင့် အသင်းတော်မှ တင်မြှောက် ခန့်ထားခြင်း စနစ်ကို ပိုမိုကျင့်သုံး လာခဲ့ပါသည်။ ယခုအချိန်တွင် အသင်းတော်များအနေဖြင့် အမျိုးသမီးများကို သင်းထောက်အဖြစ် ရွေးချယ် ခန့်ထားစ ပြုလာကြ ပါသည်။ (မှတ်ချက်။ အသင်းတော် အခြေအနေ အလိုက် ဦးရေကန့်သတ် ခန့်နိုင်ပါသည်။)

Continue… » »


❮ Prev . . . နှစ်ခြင်းသမိုင်း အကျဉ်းချုပ် အခန်း ၂ . . . Next ❯

Back to Top ▲

အသင်းတော်အတွင်းကန့်သတ်ထုတ်ဝေသည်။

Copyright © Myanmar Christian Resources Ministry. All rights reserved.
All copyrights belong to their respective owners.