❮ Prev . . . အခန်း ၃ Next ❯


« « Table of Contents မာတိကာ

ပထမပိုင်း

အခန်း (၃) နှစ်ခြင်း ခရစ်ယာန်တို့၏ ယုံကြည်ချက်နှင့်
ထူးခြားချက်များ

၅။ လူသည် အပြစ်၌ ကျဆုံးခြင်း The Fall of Man

စကြ ဝဠာနှင့် ကမ္ဘာမိုးမြေကို ဖန်ဆင်း စိုးစံတော်မူ၍ လူသတ္တဝါ တို့၏ ကာလ အပိုင်းအခြားကို မှတ်သားတော်မူသော အနန္တတန်ခိုးရှင် ဘုရားသခင်သည် ဖန်ဆင်းခြင်း ခံရသော အရာများတွင် လူကို အထွဋ်အထိပ် နေရာတွင် ထား၏။ လူသည် ဖန်ဆင်းခြင်းကို ခံစက သန့်ရှင်း စင်ကြယ်၏။ သို့သော်လည်း ဖန်ဆင်းတော် မူသော အရှင်၏ ပညတ်တော်ကို ဖန်ဆင်းခံ လူသားသည် ဖောက်ဖျက် လွန်ကျူးသောကြောင့် ထိုမြင့်မြတ်သော အခြေမှ ကျဆုံးသွား၏။ ထိုအခါမှ စ၍ ဇာတိအတိုင်း ကျွန်ုပ်တို့တွင် သန့်ရှင်းခြင်းမရှိ အပြစ်ကို ပြုချင်သော သဘောရှိ၍ အပြစ်ကိုလည်း ပြုခဲ့ပြီ ဖြစ်သောကြောင့် အမျက်တော်ကို ခံထိုက်သော သူများ ဖြစ်ကြသည်။ ထို့ကြောင့် အိုခြင်း၊ နာခြင်း၊ သေခြင်းတို့ကို ကာယဝိညာဉ် နှစ်ပါးစံလုံး ခံထိုက်ကြောင်း ယုံကြည်ပါ၏။ (ရော ၅း၁၂၊ ၇း၁၄၊ ရော ၃း၂၃)

၆။ ခရစ်တော်၌ရရှိသော ကယ်တင်ခြင်း Salvation in Christ

လူသားများသည် မိမိတို့၏ အပြစ် ဒုစရိုက်မှ မိမိတို့ကိုယ် မိမိတို့လုံးဝ မကယ်တင်နိုင်ကြောင်း နှစ်ခြင်း အသင်းတော်များက နက်နက်နဲနဲ ခံယူ ကြပါသည်။ ပြစ်ရှိ လူသားများ တို့သည် ကယ်တင်ခြင်းကို ရရှိနိုင်ခြင်း အကြောင်းရင်းမှာ အခြားကြောင့် မဟုတ်၊ ကျေးဇူးတော် သက်သက် ကြောင့်သာလျှင် ဖြစ်ပါသည်။ (ရော ၄း၎-၅၊ ဧဖက် ၂း၈-၁၀) ထိုကျေးဇူးတော်ကို သားတော်အားဖြင့် ထင်ရှားရာ၊ သားတော်ကို ယုံကြည် လက်ခံသော သူတိုင်းသည် ကယ်တင်ခြင်း ရရှိမည် ဖြစ်ပါသည်။ (ယော ၃း၁၆) တစ်နည်းအားဖြင့် ဆိုသော် သားတော်အားဖြင့် ထင်ရှားသော ကျေးဇူး ကရုဏာတော်ကို ပြစ်ရှိ လူသားများမှ ယုံကြည်ခြင်းအားဖြင့် လက်ခံကြမည် ဖြစ်ပါသည်။ ဤကဲ့သို့ လက်ခံ ယုံကြည်ရာ၌ အောက်ပါ အချက်များ ပါဝင်သည်ဟု နှစ်ခြင်း အသင်းတော်များက ယုံကြည်လက်ခံ ထားပါသည်။

Continue… » »


❮ Prev . . . အခန်း ၃ Next ❯

Back to Top ▲

အသင်းတော်အတွင်းကန့်သတ်ထုတ်ဝေသည်။

Copyright © Myanmar Christian Resources Ministry. All rights reserved.
All copyrights belong to their respective owners.