❮ Prev . . . အခန်း ၃ Next ❯


« « Table of Contents မာတိကာ

ပထမပိုင်း

အခန်း (၃) နှစ်ခြင်း ခရစ်ယာန်တို့၏ ယုံကြည်ချက်နှင့်
ထူးခြားချက်များ

၈။ ယုံကြည်သူတိုင်း ယဇ်ပရောဟိတ် ဖြစ်ခြင်း Priesthood of All Believers

ဤဓမ္မ ခံယူချက်သည် နှစ်ခြင်းခရစ်ယာန် များ၏ အခြေခံ ယုံကြည်ချက်ကို အနှစ်သာရ ပေးသော အချက်ပင်ဖြစ်သည်။ ဤယုံကြည်ချက်၏ ဓမ္မသဘောတရားကို နှစ်ခြင်းခရစ်ယာန် များသည် မှန်ကန်စွာ နားလည်ရန် အရေးကြီးပါသည်။ ယုံကြည်ချက်၏ ဓမ္မသဘောတရားမှာ-

က။ ယဇ် ပုရောဟိတ် ဟူသည် ယုံကြည်သူနှင့် ဘုရားရှင်ကို ဆက်သွယ်ပေးရသော တာဝန်ကို ဆောင်ရွက်သူ ဖြစ်သည်။ ခရစ်တော်သည် ထိုယဇ်ပုရောဟိတ် နေရာကို ယူလိုက်သည် ဖြစ်၍ ယုံကြည်သူသည် ဘုရားရှင်နှင့် တိုက်ရိုက် ဆက်သွယ်မှု ပြုလုပ်နိုင်သည်။

အဓိကဆက်သွယ်မှု နှစ်ရပ်မှာ –

(၁) ကျေးဇူးတော် ချီးမွမ်းလျက် တောင်းလျှောက်လိုသော အရာကို သခင်ယေရှု၏ နာမတော်၌ တောင်းလျှောက် နိုင်သည်။
(၂) ထာဝရဘုရားနှင့် တိုက်ရိုက်ချဉ်းကပ် မိဿဟာယ ပြုနိုင်သည်။

ခ။ သခင်ယေရှုသည် ယုံကြည်သူများ၏ ယဇ်ပုရောဟိတ် အကြီးအကဲအပြင် အဖခမည်းတော် ထံသို့ ကျွန်ုပ်တို့၏ လိုအပ်မှု အားလုံးကို ဖော်ပြတောင်းခံ နိုင်သည်ကို ကျွန်ုပ်တို့ ယုံကြည်လက်ခံ ထားပါသည်။ ထို့ကြောင့် ကိုယ်တော်သည် ယုံကြည်သူ ခရစ်ယာန်များ၏ ယဇ်ပုရောဟိတ် အကြီးအမှူး ဖြစ်သည်။ (ဟေဗြဲ ၄း၁၄-၁၅)

အထက်ဖော်ပြပါ ဓမ္မသဘောတရားကြောင့် နှစ်ခြင်းခရစ်ယာန် တပည့်တော် တစ်ဦးသည် ယဇ်ပုရောဟိတ် ဖြစ်သည်။ ဤကဲ့သို့ ခံယူထားသောကြောင့် ကျွန်ုပ်တို့၏ ယဇ်ပုရောဟိတ် အသက်တာသည် ထာဝရဘုရားရှင်အား ဆက်ကပ်ရသော အသက်တာဖြစ်သည်။ ထို့အပြင် မိမိ၏ အသက်တာကို ထာဝရဘုရားအတွက် ပေးလှူဆက်ကပ် ထားခြင်းလည်း ဖြစ်သည်။ ( ရော ၁၂း၁-၂) ဤသို့ အသက်ရှင်ခြင်း အားဖြင့် ယုံကြည်သူသည် အပြစ်မှ ဖြေလွှတ်ခြင်း ခံရပြီး ခရစ်တော် ထံပါးသို့ တိုးဝင်ချဉ်းကပ်ခြင်း အခွင့်ကို ရသည်။

Continue… » »


❮ Prev . . . အခန်း ၃ Next ❯

Back to Top ▲

အသင်းတော်အတွင်းကန့်သတ်ထုတ်ဝေသည်။

Copyright © Myanmar Christian Resources Ministry. All rights reserved.
All copyrights belong to their respective owners.